အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံက COVID-19 ရောဂါ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာပြီး အာရှနိုင်ငံတွေထဲမှာ နံပါတ် ၈ နေရာက ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက်လူနာ ပေါင်း ၁၃၀,၀၀၀ ကျော် ရှိသွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၂၂၉၄ ယောက် ရှိသွားခဲ့ပါပြီ။
ဒါကြောင့်လည်း သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ဖိလစ်ပိုင် လေကြောင်းခရီးစဉ်တွေမှာ လိုက်ပါ စီးနင်း မယ့် ခရီးသွားတွေအားလုံး Mask တပ်ဆင်ရမှာဖြစ်သလို မျက်နှာကာကိုလည်း တပ်ဆင်စီးနင်းရမယ်လို့ သိရပါတယ်။
အခုလမ်းညွှန်ချက်ဟာ ဖိလစ်ပိုင် အများပြည်သူ သယ်ယူပို့ဆောင်ရေးဦးစီးဌာနရဲ့ နောက်ဆုံးလမ်း ညွှန်ချက်နဲ့အညီ ဖြစ်ပါတယ်။ လေကြောင်းခရီးစဉ်နဲ့ လိုက်ပါစီးနင်းမယ့် ခရီးသွားတွေအနေနဲ့ ကိုယ်ပိုင်မျက်နှာကာတွေကိုလည်း ယူဆောင်လာရမှာဖြစ်သလို လေယာဉ်အမှုထမ်းတွေလည်း PPE ဝတ်စုံပြည့် ဝတ်ဆင်ထားကြရပါမယ်။
ခရီးသည်တွေအနေနဲ့ ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာမျိုးကို ပြုလုပ်ရမှာဖြစ်ပြီး လေဆိပ် ကောင်တာတွေမှာပဲ ကြိုတင်ကာကွယ်ရေးတွေကို ဆောင်ရွက်ကြရပါမယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နေ့စဉ် ဆိုသလို လူ ၆၀၀၀ ကျော် ရောဂါကူးစက်ခံနေရတဲ့အတွက် ပျံသန်းဖို့ စီစဉ်ထားတဲ့ လေကြောင်းလိုင်းခရီးစဉ်တွေအားလုံးကို ပယ်ဖျက်ခဲ့ရပါတယ်။
ကူးစက်သူ အရေအတွက် မြင့်မားနေတဲ့ အတွက်ကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံရဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အချိန်ပြည့် အလုပ်လုပ်နေကြရပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်တဲ့ Cebu Pacific လေကြောင်းလိုင်းကလည်း အစိုးရရဲ့ကြေညာချက်ဟာ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်။ ဖိလစ်ပိုင် AirAsia လေကြောင်းလိုင်းကလည်း ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ အန္တ ရယ်ကင်းနိုင်အောင် မျက်နှာကာတွေ တပ်ဆင်ဖို့ လိုအပ်ပြီး ကျန်တဲ့ ကျန်းမာရေး လုံခြုံရေးဆိုင်ရာတွေ ကိုလည်း လိုက်နာဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျပ်တည်းမှု စတင်ဖြစ်ပေါ်ကတည်းက လေကြောင်းလိုင်းတွေအနေနဲ့ ပိုးသတ် ဆေးဖျန်းတာ၊ လေယာဉ်အမှုထမ်းတွေကို ကျန်းမာရေး မကြာခဏ စစ်ဆေးတာမျိုး ဆောင်ရွက်ခဲ့ပါ တယ်။
Ref: business.inquirer, traveldailymedia
You may also like these stories:
Social Distancing ဖယ်ရှားပြီး ထိုင်းမှာ ကျောင်းများအားလုံး ပြန်ဖွင့်မည်
နယူးဇီလန်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကျော်ပြီ
ဘေရွတ်ပေါက်ကွဲမှုအပြီး အိမ်မွေးတိရစ္ဆာန်တွေကို စောင့်ရှောက်ပေးနေတဲ့ ပရဟိတအဖွဲ့