ဘူတန်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုကို အလေးထားတဲ့နိုင်ငံ ဖြစ်သလို COVID-19 ကာကွယ်မှုကို အမြင့်ဆုံး အခြေအနေအထိ ဆောင်ရွက်ထားနိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း ဘူတန်နိုင်ငံက ရောဂါကူးစက်သူ အရေအတွက် ၁၁၃ ယောက်သာ ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။
တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိပြီး လူဦးရေ ၈ သိန်းနီးပါးသာရှိတဲ့ နိုင်ငံငယ်လေးကို COVID-19 ကြောင့် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့အင်္ဂါနေ့က Lockdown ချလိုက်ပါတယ်။
Lockdown ချလိုက်ရတဲ့ အကြောင်းကလည်း ကူဝိတ်နိုင်ငံက ပြန်လာတဲ့ ဘူတန်အမျိုးသမီး တဦးဟာ ဆေးရုံက ဆင်းပြီး ၁၀ ရက်အကြာမှာ ဗိုင်းရပ်စ် ပြန်တွေ့တဲ့အတွက်ကြောင့်ပါ။ ရောဂါပိုး ပြန်လည် တွေ့ရှိတဲ့ အမျိုးသမီးဟာ ဇူလိုင်လ ၂၆ ရက်နေ့က ဆေးရုံက ဆင်းသွားခဲ့ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ နီးနီးကပ်ကပ် နေထိုင်ခဲ့ပါတယ်။
နောက်ပိုင်း ရောဂါပြန်စစ်တဲ့အခါမှာ ရောဂါပိုး ပြန်လည် တွေ့ရှိခဲ့ပါတယ်။ ဘူတန် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ အမျိုးသမီးနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံ ကြည့်တဲ့အခါ အယောက် ၂၁၀ နီးပါးအထိ ရှိနေတာ တွေ့ရပါတယ်။
ဘူတန်နိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ ကူးစက်လူနာဟာ အမေရိကန်ခရီးသွား ဖြစ်တဲ့အတွက် မတ်လကစပြီး နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုကို ကန့်သတ်ထားခဲ့ပါတယ်။ ပြည်ပက ပြန်လာတဲ့ ဘူတန်နိုင်ငံသားတွေကိုလည်း ၃ ပတ်ကြာ Quarantine ဝင်ခိုင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘူတန်နိုင်ငံရဲ့ စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားမယ်လို့ သိရပါ တယ်။ ဘူတန်နိုင်ငံဟာ အာရှမှာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ အဋ္ဌမမြောက် အပျော်ရွှင် ဆုံးနိုင်ငံဖြစ်တယ်လို့ Business Week မဂ္ဂဇင်းက ၂၀၀၆ ခုနှစ်မှာ ရွေးချယ်ပေးခဲ့ပါတယ်။ ဘူတန်နိုင်ငံရဲ့ နောက်ထပ် ထူးခြားချက်တခုကတော့ ဆေးရွက်ကြီးနဲ့ ဆေးလိပ် ရောင်းချခွင့် မရှိတဲ့ နိုင်ငံပါ။
တကျော့ပြန် ကူးစက်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ကူးစက်လူနာတွေနဲ့ ထိတွေခဲ့သူ အားလုံးကို သီး ခြားခွဲထားမယ်လို့ ဘူတန်အစိုးရရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ရောဂါကူးစက်မှုကို ကာ ကွယ်နိုင်ဖို့ လူတွေအားလုံး နေအိမ်မှာပဲ နေထိုင်ရမယ်လို့ ဘူတန်အစိုးရက ကြေညာထားပါတယ်။ တောင်အာရှမှာ COVID-19 ကူးစက်မှုနှုန်း အနည်းဆုံးနိုင်ငံ ဖြစ်ပေမယ့်လည်း ကြိုတင်ကာကွယ်မှု အနေနဲ့ ဘူတန်အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။
Ref: Reuters, india
You may also like these stories:
ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ
ဖိလစ်ပိုင်လေကြောင်း ခရီးသည်များ မျက်နှာကာများ တပ်ဆင် စီးနင်းရမည်
Social Distancing ဖယ်ရှားပြီး ထိုင်းမှာ ကျောင်းများအားလုံး ပြန်ဖွင့်မည်