• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ဝူဟန်မြို့မှာ လူစုလူဝေးနဲ့ ကျင်းပခဲ့တဲ့ ဂီတပွဲတော်

by Aurora
19 August 2020
in Trend
A A
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကျင်းပခဲ့တဲ့ ဂီတပွဲတော်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကျင်းပခဲ့တဲ့ ဂီတပွဲတော်

4.8k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ခဲ့ရာ ဗဟိုချက်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ကူးစက်လူနာအသစ် မရှိချိန်မှာ လူစုလူဝေးနဲ့ ကပွဲတွေ ကျင်းပနေပါတယ်။ ထောင်နဲ့ချီတဲ့ လူငယ်တွေဟာ အမိုးဖွင့် ရေပန်းခြံထဲမှာ ဂီတပွဲတော်အတွက် လာရောက် စုဝေးနေခဲ့ကြတာပါ။

ဝူဟန်မြို့ရှိ Water Park မှာ သြဂုတ်လ ၁၅ ရက်နေ့က Electronic Music Festival ပွဲတော်ကြီးကို ကျင်းပခဲ့ပါတယ်။ မြို့ပေါ်က လူငယ် ထောင်နဲ့ချီဟာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားတဲ့ နှာခေါင်းစည်း Mask နဲ့ Social distancing ခပ်ခွာခွာ နေထိုင်မှုတွေ မကျင့်သုံးဘဲ တယောက်နဲ့တယောက် ပူးကပ်စွာ ကခုန်ခဲ့ကြပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
490
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
215
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
759

အလုပ်အားလပ်ရက်ချိန် ဝူဟန်မြို့ထဲက Water Park မှာ ကျင်းပတဲ့ ပါတီပွဲကို ရေကူးဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ်တွေဟာ ရေထဲမှာ ပုခုံးချင်း ယှဉ်ကပ်ပြီး လေထိုးလှေတွေပေါ်မှာ Electronic သီချင်းသံကို စီးချက်ညီ ပျော်မြူးကခုန် နေခဲ့ကြတာပါ။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၁ သန်း ကျော်လာချိန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာတော့ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကာ အပြင်းအထန် ထိန်းချုပ် ကာကွယ်ခဲ့ရတဲ့ ကပ်ရောဂါဆိုးကြီး အကြောင်းကို မေ့လျော့နေကြပါပြီ။

ဧပြီလ အစောပိုင်းကစလို့ ၁၁ သန်းကျော် နေထိုင်တဲ့ ဟူဘေးပြည်နယ်မှာ ၇၆ ရက်ကြာ တင်းကြပ်တဲ့အသွားအလာ ထိန်းချုပ်မှု Lockdown ကို ဖြေလျှော့ပေးခဲ့ပါတယ်။ ဝူဟန်မြို့မှာလည်း ကူးစက်မှုအသစ်ကို မေလလယ်က စလို့ မရှိတော့တာကြောင့် အသွားအလာ ကန့်သတ်မှု ဖြေလျှော့ပြီးနောက်ပိုင်း ပုံမှန် လူနေမှုဘဝတွေ ပြန်လည် စတင်လာခဲ့ကြပါတယ်။

ဝူဟန်မြို့က Maya Beach ကမ်းခြေက Water Park ကို ဇွန်လကုန်ပိုင်းကစလို့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သြဂုတ်အစောပိုင်းကာလတွေမှာ ဝင်ရောက်ခဲ့တဲ့ ဧည့်သည် အရေအတွက်ဟာ မနှစ်ကထက်စာရင် ထက်ဝက်လောက်ပဲရှိတယ်လို့ မန်နေဂျာဖြစ်သူက ပြောပြပါတယ်။

လတ်တလောမှာတော့ ပိတ်ရက်တွေဆိုရင် နေ့စဉ် ဧည့်သည်ဝင်ရောက်နှုန်း ၁၅,၀၀၀ ဝန်းကျင် လာကြသလို၊ ဈေးနှုန်းတွေကိုလည်း ထက်ဝက် နီးပါးလျှော့ချပေးထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်က ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက စလို့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စတင် တွေ့ရှိခဲ့ပါတယ်။ တနိုင်ငံလုံးရဲ့ ကူးစက်ခံလူနာပေါင်း ၈၄,၀၀၀ ကျော်ထဲက ၆၀ ရာခိုင်နှုန်းဟာ ဝူဟန်မြို့မှာ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကစလို့ ဝူဟန်မြို့ဟာ အပြင်ကမ္ဘာနဲ့ လုံးဝ ဆက်သွယ်မှု ကန့်သတ်ခံလိုက်ရပြီး ၇၆ ရက်ကြာ တင်းကြပ်တဲ့ အသွားအလာ ပိတ်ဆို့မှုကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ မြို့တွင်းကိုလည်း မီးရထား၊ ကား၊ လေကြောင်းလိုင်းတွေကတဆင့် အသွားအလာ ပိတ်သိမ်းခဲ့ပြီးနောက် အခုချိန်မှာတော့ ပုံမှန်လှုပ်ရှားသွားလာမှုတွေ ပြန်လည် ဖွင့်ပေးလိုက်ပါပြီ။

Ref: edition.cnn

You may also like these stories:

“Jurassic World” ရိုက်ကူးရေး အဖွဲ့သားတွေကို တပတ် ၃ ကြိမ် COVID-19 စစ်ဆေး

နာမည်ကျော် “Ellen DeGeneres” အစီအစဉ်မှ ထုတ်လုပ်သူ ၃ ဦး နုတ်ထွက်

“Aquaman 2” ရုပ်ရှင်ကို Horror ပုံစံ ရိုက်ကူးမည်

Your Thoughts …
Tags: Social DistancingWater Parkပါတီပွဲဝူဟန်မြို့
Aurora

Aurora

Contributor

Similar Picks:

ခရီးသွားဧည့်သည် အလာများတဲ့ London Eye

လန်ဒန်ရှိ အထင်ကရ လည်ပတ်စရာနေရာတွေ ပြန်ဖွင့်ပြီ

by Aurora
4 August 2020
10k

ဖွင့်လှစ်လိုက်ပေမယ့် Indoor show တွေကို လူဦးရေ အကန့်အသတ်နဲ့ ဝင်ခွင့်ပြုမယ့်အပြင် တချို့ရှိုးပွဲတွေကိုတော့ အခြေအနေအရ ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။

ခရီးသွားလာတဲ့အခါ ၅ ယောက် တဖွဲ့စီနဲ့ သတ်မှတ်ထားတဲ့ Social distancing စည်းကမ်းချက်တွေကို လိုက်နာရဦးမယ်လို့ စင်ကာပူ ခရီးသွားဘုတ်အဖွဲ့က ဆိုပါတယ်။

စင်ကာပူမှာ အယောက် ၂၀ ထိ အဖွဲ့လိုက် လည်ပတ်ခွင့်ပြုတော့မည်

by Aurora
20 October 2020
11.7k

ခွင့်ပြုလိုက်တဲ့ ခရီးစဉ်တွေအတွက် အောက်တိုဘာ ၁၉ ရက်ကစလို့ ခရီးသွား အေဂျင်စီတွေနဲ့ တိုးဂိုက်တွေဟာ နေရာတွေကို ကြိုတင်လေ့လာ ရေးဆွဲနိုင်ဖို့ ခွင့်ပြုလိုက်ပါပြီ။

ဝူဟန်မြို့ရှိ နေထိုင်သူများအား ဗိုင်းရပ်စ် ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးခဲ့ပါတယ်။

ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့

by ညီညီသူ
3 June 2020
13.2k

ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ဒေသအစိုးရက ကျခံပေးခဲ့တာဖြစ်ပြီး လူအားလုံး အခမဲ့စစ်ဆေးပေးခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။

ပညာရှင်တွေဟာ ဝူဟန်ရောဂါဗေဒ အင်စတီကျူထဲကို သွားရောက် လေ့လာခဲ့တာပါ။

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

by Aurora
3 February 2021
8.5k

သိပ္ပံပညာရှင် တချို့ကတော့ တရုတ်နိုင်ငံကနေ ဓာတ်ခွဲခန်းမှာ လေ့လာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နမူနာ အချက်အလက်တွေကို ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းတွင် ကလေးများ သင်ယူနေစဉ် / ဧရာဝတီ

Social Distancing အတွက် လိုအပ်လျှင် ယာယီ စာသင်ဆောင်များ ဆောက်မည်

by သဇင်လှိုင်
1 June 2020
5.4k

ကျောင်းများ ဖွင့်လှစ်ရာတွင် Social distancing ကို မဖြစ်မနေ ပြုလုပ်မည် ဖြစ်သဖြင့် အလျား ပေ ၃၀၊ အနံ ၂၄ ပေရှိသည့် စာသင်ခန်းတွင် တဦးနှင့်တဦး ၆ ပေ ကွာခြားနိုင်ရေး အတွက်...

COVID-19 ကာလအတွင်း လှုပ်ရှားသွားလာနေမှုများ  / ဧရာဝတီ

COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း

by သဇင်လှိုင်
23 May 2020
38.1k

အထူးသဖြင့် အလုပ် သွားတာတွေမှာကတော့ ဘတ်စ်ကားစီးရတဲ့ အခါမှာ တော်တော့ကို အခက်အခဲ ရှိတယ်။ အဲဒါ ဘယ်လို ရှင်းမလဲ၊ အဖြေ ဘယ်သူ့မှာမှ မရှိဘူး

Next Post
တရုတ်မီဒီယာများ၏ အဆိုအရ CanSino နှင့် Sinovac တို့သည် အစိုးရအကူအညီဖြင့် နှစ်စဉ် ကာကွယ်ဆေး သန်း ၁၀၀ မှ ၂၀၀ အထိ ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေသည်Xinhua / Xinhua

ကိုရိုနာကာကွယ်ဆေးတွင် တရုတ်ဦးဆောင်မှုကြောင့် ပူပန်မှုနှင့်မျှော်လင့်ချက် နှစ်မျိုးလုံးဖြစ်

သရုပ်ဆောင် ထွန်းကိုကို / Tun Ko Ko's Facebook

“နိုင်ငံရေးကို နားမလည်ပေမယ့် ပယ်မဲ မဖြစ်အောင် မဲပေးမှာပါ”

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate