Trend

အိန္ဒိယတက္ကသိုလ် ဘွဲ့အခမ်းအနားမှာ ကျောင်းသားတွေကိုယ်စား Avatar အသုံးပြု

Want create site? Find Free WordPress Themes and plugins.

ဘဝမှတ်တိုင်တခုအနေနဲ့ တက္ကသိုလ်တန်းပြီးဆုံးလို့ ဘွဲ့ယူရတဲ့ အခိုက်အတန့်ဟာ ကျောင်းသားတွေ အတွက်တော့ ဂုဏ်ယူစရာ အကောင်းဆုံးအချိန်ပါ။ မိသားစု၊ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့အတူတူ အမှတ်တရ ဖြတ်သန်းရမယ့် အချိန်တွေမှာ COVID-19 ကပ်ရောဂါ အခြေအနေကြောင့် လက်လျှော့ရဖို့ ဖြစ်နေပါတယ်။

လက်ရှိ ကမ္ဘာ့အနှံ့ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ် ကပ်ရောဂါ ကာလမှာ ပုံမှန်ဘွဲ့အခမ်းအနားတွေအစား လူနေမှုဘဝ ပုံစံသစ်မှာ အပြောင်းအလဲတွေလည်း ရှိလာပါတယ်။ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့က Indian Institute of Technology (IIT) ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျောင်းသားတွေ ကိုယ်စားပြု Avatar တွေကို အသုံးပြုခဲ့ပါတယ်။

IIT ရဲ့ ဒါရိုက်တာဖြစ်သူ Subhasis Chauduri က သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဘွဲ့အခမ်းအနားမှာ ကျောင်းသား ၂,၀၀၀ ကျော် ကိုယ်စားပြု Avatar တွေကို ပညာရေး ပြီးဆုံးကြောင်း ဘွဲ့လက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ အခုလိုပုံစံအသစ်ဟာ ကြိုတင်ကာကွယ်ရာ ရောက်သလို အဆင်ပြေစေတယ်လို့ ဆိုပါတယ်။

ကိုယ်စားပြု Avatar တွေနဲ့ ဘွဲ့အခမ်းအနားကို ပြည်တွင်းရုပ်သံလိုင်း ၂ ခုကနေ ထုတ်လွှင့် ပြသခဲ့သလို YouTube နဲ့ Facebook ကနေလည်း တိုက်ရိုက် ပြသခဲ့ပါတယ်။ “နည်းပညာတက္ကသိုလ်ကနေ ကျန်းမာရေးကို အလေးထားပြီး အခုလို VR-convocation လုပ်ပေးတာဟာ တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်တယ်” လို့ အိန္ဒိယအစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IIT ဟာ အိန္ဒိယနိုင်ငံမှာ သြဇာတိက္ကမကြီးတဲ့ နည်းပညာတက္ကသိုလ်တွေထဲက တခုဖြစ်ပြီး Google CEO Sundar Pichai လို နာမည်ကျော် ကျောင်းထွက်တွေကြောင့်လည်း အမြဲ ဂုဏ်ယူခံရပါတယ်။ ဘွဲ့ရ ကျောင်းသားတွေကလည်း VR-convocation အတွေ့အကြုံကို အွန်လိုင်းပေါ်မှာ ဝေမျှခဲ့ပါသေးတယ်။

“၅၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်မှာ Ph.D ဒေါက်တာဘွဲ့ကို ရခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူခဲ့ရပါတယ်။ ကော်မတီဘက်ကလည်း အရမ်းကို ကြည့်ကောင်းတဲ့ ကိုယ်ပိုင် Avatar တွေ လုပ်ပေးပါတယ်” လို့ ဒေါက်တာဘွဲ့ရ ကျောင်းသား Deepank Verma က သူ့ Avatar နဲ့အတူ ဘွဲ့လက်မှတ် ယူခဲ့တဲ့အကြောင်းကို ဝေမျှထားပါတယ်။


အိန္ဒိယဝန်ကြီးချုပ်ကလည်း တကယ့်ကို ခေတ်သစ်နည်းပညာနဲ့ အစဉ်အလာကို အံ့သြသင့်စရာပေါင်းစပ်မှုပါပဲလို့ Twitter ကတဆင့် ရေးသားထားပါတယ်။ အမေရိကန်နိုင်ငံမှာတော့ တက္ကသိုလ်တွေရဲ့ ဘွဲ့အခမ်းအနားတွေကို ကားတွေနဲ့ Drive-through ပုံစံ ပြောင်းလဲ ကျင်းပနေတာမျိုးတွေ ရှိလာပါတယ်။

Ref: edition.cnn 

You may also like these stories:

အိန္ဒိယက ဘုရားကျောင်းတကျောင်းမှာ ကိုဗစ် ကူးစက်သူ ၇၀၀ ကျော်ရှိလာ

အိန္ဒိယက အကြီးဆုံး မိကျောင်းခြံကြီး ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရ

Did you find apk for android? You can find new Free Android Games and apps.
Loading