တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်လာတာကြောင့် ရောဂါထိန်းချုပ်ရေး တာဝန်ရှိသူတွေက မှန်လုံခန်း ကားမှတ်တိုင်တွေကို ထားရှိပေးလိုက်ပါတယ်။
ကိုယ်အပူချိန် တိုင်းတာစက်တွေ တပ်ဆင်ထားတဲ့အပြင် အပူချိန်မြင့်တက်နေသူတွေဆို မဝင်နိုင်အောင် စိစစ်ပေးပါတယ်။
နေရောင်ခြည်သုံး မှန်လုံခန်း ကားမှတ်တိုင်တွေကို အဓိကနေရာတွေ ဖြစ်တဲ့ မြို့လယ်ခေါင်မှာ ထားရှိပေးထားတယ်လို့ ဆိုပါတယ်။
“Smart Shelters” လို့ နာမည်ပေးထားတဲ့ မှန်လုံခန်း ကားမှတ်တိုင်မှာ COVID-19 ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ကိုယ်အပူချိန်တိုင်းတာစက်တွေ ထည့်ထားသလို၊ အခန်းတွင်း UV သုံး ပိုးသန့်စင်စနစ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။
မှန်လုံခန်း ကားမှတ်တိုင်အတွင်း ကားစောင့်ရင်း ဖုန်းအားသွင်းနိုင်သလို၊ အခမဲ့ Wifi တပ်ဆင်ပေးထားပြီး၊ လေအေးပေးစက်နဲ့ သီချင်းသံတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အပြင်Outdoor ထက် အလုံခန်းတွေမှာ ကူးစက်လွယ်တာကြောင့် ဆိုးလ်အုပ်ချုပ်ရေးအဖွဲ့က ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေးနေတာပါ။
“အနီးအနားကလူတွေ မိုးရာသီ ဒါမှမဟုတ် နွေရာသီမှာ ကားစောင့်ရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ ကာကွယ်ပေးနိုင်အောင် လုပ်ပေးထားတာပါ။ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အလုံပိတ်အခန်းရှောင်ချင်သူတွေ အတွက်လည်း စိတ်ချရတဲ့ နေရာတခုပါ” လို့ Seongdong က တာဝန်ရှိသူ Jeong Mi Rang က ပြောပါတယ်။
လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးထားတဲ့ မှန်အလုံခန်းကားမှတ်တိုင် ၁၀ ခုအတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရှိပါတယ်။
ကူးစက်မှုအသစ်တွေ တိုးမြင့်လာတာကြောင့် အဓိက ကူးစက်မှုတွေဖြစ်နေတဲ့ ဆိုးလ်မြို့မှာ အခန်းတွင်း အလုံပိတ် နေရာတွေမှာ နှာခေါင်းစည်း Mask ကို တပ်ကြဖို့နဲ့ ဘုရားရှိခိုးကျောင်း၊ ကာရာအိုကေဆိုင်၊ ဘားတွေနဲ့ Nightclub တွေ ပိတ်ပစ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အခုလို နိုင်ငံအနှံ့က စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ထုတ်ပြန်ချက်ဟာ COVID-19 ကပ်ရောဂါကာလအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တယောက်နဲ့တယောက် Social distancing ကို အလေး ပေးလိုက်နာကြဖို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။
ပြန်ဖွင့်ထားတဲ့ ကျောင်းတွေမှာ ၂ ပတ်အတွင်း ကျောင်းသားတွေနဲ့ ဆရာ စုစုပေါင်း ၂၀၀ နီးပါးလောက်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့အထိ ယာယီ ပိတ်လိုက်ရပါတယ်။
ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကတော့ နိုင်ငံတဝှမ်း နောက်ထပ် ကူးစက်မှုတွေ ပိုမိုပျံ့နှံ့ လာနိုင်ခြေရှိတယ်လို့ သတိပေး ပြောကြားထားပါတယ်။ လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉,၄၀၀ ကျော် ရှိနေပြီး သေဆုံးသူကတော့ ၃၀၀ ကျော်သွားပါပြီ။
Ref: edition.cnn
You may also like these stories:
တကျော့ပြန် ကိုဗစ်ကြောင့် တောင်ကိုရီးယားမှာ စာသင်ကျောင်းများ ပြန်ပိတ်
တောင်ကိုရီးယားမှာ ရုပ်သံစီးရီးနဲ့ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားလိုက်ပြီ