Trend

ကိုဗစ်အပြင် ရေပြတ်လပ်မှု ကြုံနေရတဲ့ ဆီးရီးယားနိုင်ငံ

ဆီးရီးယားနိုင်ငံဟာ အာရှတိုက်ထဲ ပါဝင်ပြီး ရှေးကျတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေကတော့ လက်ဘနွန်၊ တူရကီ၊ အီရတ်၊ ဂျော်ဒန်နဲ့ အစ္စရေး နိုင်ငံတို့ပါ။ လက်ရှိအချိန်မှာတော့ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ နွေရာသီ အပူချိန်က မြင့်တက်နေသလို COVID-19 ကူးစက်မှုကလည်း များပြားလာနေပါတယ်။

ဆီးရီးယားနိုင်ငံမှာ ကိုဗစ်အပြင် နောက်ထပ် ရင်ဆိုင်နေရတဲ့ ပြဿနာတခုကတော့ ရေပေးဝေမှုကို တူရကီက ဖြတ်တောက်လိုက်တဲ့အတွက် သောက်သုံးရေ ပြတ်လပ်နေတဲ့ ပြဿနာပါ။

ဆီးရီးယားရဲ့ Hassakah ပြည်နယ်တွင်းမှာ အရင်က IS စစ်သွေးကြွတွေနဲ့ သူတို့ မိသားစုဝင်တွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းတခု ရှိပါတယ်။ Hassakah ပြည်နယ်တွင်းက Ras Al Ayn မြို့ဟာ ဆီးရီးယား – တူရကီ နယ်စပ်မြို့ ဖြစ်ပြီး တူရကီတွေက ထိန်းချုပ်ထားပါတယ်။

Ras Al  Ayn မြို့သားတွေနဲ့ ဒုက္ခသည်စခန်းက လူတွေဟာ တူရကီတွေ ထိန်းချုပ်ထားတဲ့ Ras Al Ayn မြို့အနီးက Allouk ရေပေးဝေရုံကို မှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ ရေပေးဝေမှုကိုတူရကီတွေက ဖြတ်တောက် ပစ်လိုက်ပါတယ်။

နွေရာသီမှာဆိုရင် ဆီးရီးယားနိုင်ငံရဲ့ အပူချိန်က ၄၆ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ပေမယ့် ရေပေးဝေမှုဖြတ်တောက်လိုက်တဲ့အတွက်ကြောင့် ဆီးရီးယား လူမျိုးတွေအနေနဲ့ တရက်ကို ရေအနည်းငယ်သာ  သောက်ခွင့်ရကြပါတယ်။

အပူချိန်မြင့်တက်လာတာကြောင့် ဝမ်းလျှောရောဂါလို ရောဂါတွေ အဖြစ်များလာပြီး တကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း ရေမလုံလောက်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ် တားဆီးရေးမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆီးရီးယားနိုင်ငံမှာ ကိုဗစ် ကူးစက်သူ ၂၈၉၈ ယောက်နဲ့ သေဆုံးသူ ၁၂၀ ယောက်သာ ရှိတယ်လို့ အစိုးရကတရားဝင် ထုတ်ပြန်ထားပေမယ့် ကူးစက်၊ သေဆုံး ပမာဏက ပိုပြီး များနိုင်ပါတယ်။

Hassakah ပြည်နယ်သားဖြစ်သလို ဂျာနယ်လစ်တယောက်လည်းဖြစ်တဲ့ Redwan Xelil က မြို့မှာ ရေပြတ်လပ်နေတဲ့အတွက် လူတိုင်း စိတ်ဒုက္ခရောက်နေတယ်လို့ ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ကိုဗစ် ကူးစက်သူအရေအတွက်ကလည်း နေ့စဉ် မြင့်တက်နေပါတယ်။

ဆီးရီးယားအရေးကို ဘယ်သူကမှ ဝင်မပါဘူးဆိုရင် မြို့မှာနေထိုင်တဲ့ လူတွေအနေနဲ့ ဘေးအန္တရာယ်ကိုအကြီးအကျယ် ခံစားရမယ်လို့ Redwan Xelil က ပြောပါတယ်။

ဒေသခံ ရေအရင်းအမြစ် အာဏာပိုင်တွေကလည်း တူရကီတွေဟာ နယ်စပ်ကို ထိန်းချုပ်ပြီးနောက်ပိုင်း ၂၀၁၉ အောက်တိုဘာကစပြီး ၂၀၂၀ သြဂုတ်လအထိ Allouk ရေပေးဝေရုံက ရေပေးမှုကို ၈ ကြိမ်အထိ ဖြတ်တောက်ခဲ့တယ်လို့ ပြောပါတယ်။

Ref: thenational

You may also like these stories:

“ရခိုင်ပြည်နယ်ကြီး ကိုဗစ်ရောဂါကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ”

ရုရှား ဒု ဗိုလ်ချုပ်ကြီးတဦး ဆီးရီးယားစစ်မြေပြင်တွင် ကျဆုံး

ရုရှား Su-25 တိုက်လေယာဉ် ဆီးရီးယားမှာ ပစ်ချခံရ

Loading