Trend

LG ကုမ္ပဏီကနေ PuriCare ဘက်ထရီသုံး လေသန့်စင် Mask တီထွင်

လူမှုဘဝ ပုံစံသစ်မှာ မရှိမဖြစ် အရေးပါလာတဲ့ နှာခေါင်းစည်း Mask တွေဟာ တပ်ဆင်ချိန် ကြာလာရင် စိတ်အနှောင့်ယှက် ဖြစ်စရာ ပြဿနာတွေ ခံစားရတာကြောင့် ကိုရီးယားနိုင်ငံ LG ကုမ္ပဏီကနေ သက်သောင့်သက်သာ ရှိစေမယ့် Mask တမျိုးကို တီထွင်လိုက်ပါတယ်။

တပ်ဆင်ထားချိန်မှာ သက်သောင့်သက်သာဖြစ်အောင် ဖန်တီးပေးထားပြီး အချိန်ကြာလာလို့ အသက်ရှူရခက်ခဲတာ၊ မျက်မှန်တပ်သူတွေမှာ လေပူ အငွေ့ရိုက်တာမျိုးတွေ မဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ ဘက်ထရီသုံး လေသန့်စင်ပေးနိုင်တဲ့ Mask မှာ အမှုန်အမွှားတွေကို သန့်စင် စစ်ထုတ်ပေးပြီး လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

LG ကုမ္ပဏီထုတ် PuriCare ဘက်ထရီသုံး လေသန့်စင် Mask ဟာ နှင်းလျှောစီးမျက်မှန် အရွယ်အစားနဲ့ အလေးချိန် တမျိုးတည်းသာရှိပြီး အတွင်းထဲမှာ ပန်ကာ ၂ လုံးတပ်ဆင်ထားကာ လေထုထဲက အသေးငယ်ဆုံး အမှုန်မွှားတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။

ကမ္ဘာတဝှမ်းက နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ Social distancing နေဖို့နဲ့ အပြင်ထွက်တိုင်း Mask တပ်ကြဖို့ကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။ ဒါကြောင့်လည်း ထုတ်လုပ်သူတွေက ပိုကောင်းတဲ့ Mask တွေကို အပြိုင်အဆိုင် တီထွင်ဖို့ အာရုံစိုက်လာကြပါပြီ။

နှာခေါင်းစည်း Mask ရဲ့ အဓိက ဘေးထွက်ဆိုးကျိုးကတော့ အချိန်ကြာကြာတပ်ရင် အသက်ရှူကြပ်တာနဲ့ ရှူထုတ်လိုက်တဲ့ လေပူတွေကြောင့် မျက်မှန်ကို အခိုးရိုက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။

“နှာခေါင်းစည်း Mask တပ်မယ်ဆိုရင် အဓိကပြဿနာက အသက်ရှူရခက်တာပါပဲ။ နောက်ပြီး လတ်တလော အသုံးများနေတဲ့ တခါသုံး Mask တွေက နောင်တချိန်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်” လို့ LG Electronics က အကြီးတန်းအရာရှိ Choi Yoon Hee က ပြောပါတယ်။

LG ကထုတ်တဲ့ PuriCare လေသန့်စင် Mask ဟာ ဘတ်ထရီသုံးဖြစ်ပြီး UV နဲ့ ပိုးသတ်စနစ်ကို အသုံးပြုထားပါတယ်။ အဆိုပါ လေသန့်စင် PuriCare Mask ကို ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ ဈေးကွက်ထဲ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

ဘက်ထရီသုံး လေသန့်စင် Mask ကို တခါအားသွင်းထားရင် Low-power setting ၈ နာရီအနည်းဆုံး အသုံးပြုနိုင်ပြီး High-power setting နဲ့ဆိုရင် ၂ နာရီလောက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂,၀၅၅ ယောက်ရှိပြီး သေဆုံးသူ ၃၅၅ ယောက် ရှိပါတယ်။

Ref: Channel News Asia

You may also like these stories:

Mask မတပ်ထားရင် အသိပေးမယ့် လူပုံစံတူ စက်ရုပ်လေး Pepper

ပြည်သူ့ကျန်းမာရေးကို လစ်လျှူရှုတဲ့အတွက် အင်ဒိုနီးရှားအစိုးရ ဝေဖန်ခံနေရ

Loading