Trend

ဂျပန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မည်

Want create site? Find Free WordPress Themes and plugins.

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ၂၀၅၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကင်းစင်တော့မယ့်အကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့တတိယ စီးပွားရေးအင်အားကြီး နိုင်ငံအတွက် ရာသီဥတု ပြောင်းလဲမှုအပေါ် အလေးပေးပြသလိုက်တာပါ။

အောက်တိုဘာ ၂၆ ရက်က သူ့ရဲ့ ပထမဆုံး မူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဂျပန်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်အောင် ဆောင်ရွက်မယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga

“စီးပွားရေး တိုးတက်ဖို့ လမ်းကြောင်းမှာ ရာသီဥတု ပြောင်းလဲရေး လုပ်ငန်းတွေက ကန့်သတ် ချုပ်ချယ်နေတာမျိုး မဟုတ်တော့ပါဘူး။ ရာသီဥတုပြောင်းလဲမှုတွေ ဦးစားပေးလုပ်ရင် စက်မှုလက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးမှု ထိခိုက်နိုင်တယ်ဆိုတဲ့ အယူအဆ အတွေးအခေါ် အမြင်တွေ ပြောင်းလဲသင့်ပါပြီ။ ကျနော် ထပ်ပြီး ပြောချင်ပါတယ်။ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု မရှိတဲ့ လူအဖွဲ့အစည်းကို ဖော်ဆောင်ချင်ပါတယ်” လို့ ဝန်ကြီးချုပ် Yoshihide Suga က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ရာစုနှစ်ဝက် တဝက်မှာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေး ၈၀ ရာခိုင်နှုန်း အောင်မြင်ရမယ်ဆိုတဲ့ မူလပြောကြားထားခဲ့တဲ့ ကတိစကားကို တည်နိုင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ဂျပန်နိုင်ငံဟာ မူဝါဒပိုင်း ပြောင်းလဲလာပြီး မနှစ်က အဓိကထား လုပ်ဆောင်ဖို့ ကတိပြုခဲ့တဲ့ ဥရောပအဖွဲ့ကြီးနောက်မှာ ပါဝင်လာခဲ့ပါတယ်။

တရုတ်နိုင်ငံကလည်း မကြာခင်က ၂၀၆၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးဖြစ် လာရမယ်လို့ ကြေညာခဲ့ပါသေးတယ်။ ကျောက်မီးသွေးနဲ့ တခြားရုပ်ကြွင်းလောင်စာ သုံးစွဲမှုပေါ် မှီခိုမှုများတဲ့ ဂျပန်နိုင်ငံအတွက်တော့ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးပန်းတိုင်ဆိုတာ အနည်းငယ်တော့ သံသယဖြစ်စရာတွေ ရှိပါတယ်။

အနုမြူစွမ်းအင် တိုးချဲ့ရေးပိုင်းကို ပြည်သူတွေဘက်ကလည်း ဖူကူရှီးမား အနုမြူဓာတ်ပေါင်းဖို ယိုစိမ့်ခဲ့ပြီး ၁၀ နှစ်နီးပါးကြာတဲ့အထိ ကန့်ကွက်နေကြတုန်းပါ။၂၀၁၈ ခုနှစ်က ချမှတ်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ စွမ်းအင်သုံးစွဲမှုအစီအစဉ်အရ ပြန်ပြည့်မြဲစွမ်းအင် ၂၂-၂၄ ရာခိုင်နှုန်း၊ အနုမြူစွမ်းအင် ၂၀-၂၂ ရာခိုင်နှုန်း၊ ရုပ်ကြွင်းလောင်စာ ၅၆ ရာခိုင်နှုန်းပေါ် မှီခိုသုံးစွဲနေတာပါ။

စက်တင်ဘာလလယ်ကနေ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်သစ် Yoshihide Suga က ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးအတွက် အသေးစိတ် ပြောကြားသွားခဲ့ခြင်း မရှိပေမယ့် ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှုပိုလာအောင် လုပ်ဆောင်မယ့်အပြင် အနုမြူစွမ်းအင် ပိုသုံးစွဲလာနိုင်အောင် စိတ်ချရတဲ့အစီအမံတွေ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လွှတ်မှု အများဆုံး အဆင့် ၅ နေရာမှာရှိနေတဲ့ ဂျပန်နိုင်ငံအတွက်တော့ ကာဗွန် ကင်းစင်ရေး မျှော်မှန်းချက်ဆိုတာ တကယ့်ကို စိန်ခေါ်မှုကြီးတခုပါပဲ။ ဂျပနိုင်ငံ Greenpeace အဖွဲ့က ဝန်ကြီးချုပ်ရဲ့ ကာဗွန်ကင်းစင်ရေး မိန့်ခွန်းကို ကြိုဆိုခဲ့ပေမယ့် အနုမြူစွမ်းအင် တိုးချဲ့သုံးစွဲမှာကိုတော့ မလိုလားဘူးလို့ ပြောကြားလိုက်ပါတယ်။

Ref: The Guardian

You may also like these stories:

မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဘက်ကနေ ဗိုင်းရပ်စ် ပျံ့နှံ့လာမှာ စိုးရိမ်နေ

မွမ်ဘိုင်းမှာ ဓာတ်အား ပြတ်တောက်မှုကြောင့် မြို့ခံ သန်းနဲ့ချီ အခက်တွေ့ခဲ့ရ

ထိုင်းမှာ ဘတ်စ်ကားနဲ့ ရထား တိုက်မိပြီး လူ ၂၀ သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading