အခုဆိုရင် မဖြစ်မနေ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေကလွဲရင် ကျန်တဲ့အလုပ်တွေဟာ Work From Home ဖြစ်တာကြောင့် အိမ်လည်းရုံး၊ ရုံးလည်းအိမ် ဖြစ်နေကြမှာပါ။
ဒီလိုအချိန်မှာ မိုးလင်းမိုးချုပ် အိမ်ထဲမှာ နေရတဲ့အတွက် အိမ်ထဲမှာ နေချင်စဖွယ်ဖြစ်စေဖို့ ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ နောက်ပြီး သီတင်းကျွတ်ကာလလည်း ဖြစ်တာကြောင့် အပြင်မထွက်ရမယ့်အတူတူ အိမ်ထဲမှာပဲ ပျော်စရာတွေ ဖန်တီးလို့ ရနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
နံရံကပ် ပိတ်စတွေနဲ့ အလှဆင်မယ်
ပထမဦးဆုံး ပြောပြချင်တာကတော့ ကိုယ့်အိမ်မှာနေရင်းနဲ့ သီတင်းကျွတ် ခံစားချက်လည်း ရရှိနိုင်ပြီး ဓာတ်ပုံတွေ ရိုက်မလား၊ အလုပ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ လုပ်မလား၊ အွန်လိုင်း သင်တန်းတွေ တက်မလား၊ အဲဒီအခါမျိုးတွေမှာ အသုံးပြုနိုင်တဲ့ နံရံကပ် ပိတ်စ လှလှလေးတွေနဲ့ အလှဆင်နိုင်မယ့် နည်းလမ်းပါ။
မီးသီးတွေနဲ့ အလှဆင်ထားတဲ့ နံရံကပ် ပိတ်စတွေကို အွန်လိုင်းကနေ မှာယူကာ ကိုယ့်နေအိမ်မှာ စိတ်ကြိုက် အလှဆင်နိုင်ပါတယ်။ အလုပ်စားပွဲ နံရံ၊ ဧည့်ခန်း၊ အိပ်ခန်း စတဲ့ နေရာတွေမှာ သီတင်းကျွတ် ခံစားချက်လည်းရ၊ အိမ်အလှဆင်ပြီးသားလည်း ဖြစ်အောင် လုပ်ကြည့်နိုင်ပါတယ်။
Projector Lamp နဲ့ အလှဆင်မယ်
လတ်တလော လူငယ်တွေကြားထဲမှာ ခေတ်စားနေတဲ့ ပစ္စည်းလေးတခု ရှိပါတယ်။ အဲဒါကတော့ “Dream Projector Lamp” ပါ။ ညဘက်အခန်းထဲမှာ သီချင်းတိုးတိုးလေး ဖွင့်ထားပြီး ဒီမီးအိမ်လေးနဲ့ဆိုရင် အရမ်းကို ပြည့်စုံသွားမှာပါ။ ဓာတ်ပုံလှလှလေးတွေလည်း ရိုက်လို့ ရဦးမှာပါ။
ဒီလို သီတင်းကျွတ် ခံစားချက် အပြည့်အဝ ရမယ့် “Projector Lamp” တွေကိုတော့ USB နဲ့ သုံးလို့ရ၊ အားသွင်းပြီး သုံးလို့ရတယ်ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ မတူညီတဲ့ မီးအိမ် ဒီဇိုင်းတွေလည်း ရွေးချယ်ပြီး အလှဆင်နိုင်ပါတယ်။
ဒီကာလမှာ ကိုယ့်ရဲ့သူငယ်ချင်းဖြစ်ဖြစ်၊ ချစ်သူကို ဖြစ်ဖြစ်၊ မောင်နှမတွေပဲဖြစ်ဖြစ် သီတင်းကျွတ် လက်ဆောင် ပေးမယ်ဆိုရင်လည်း အရမ်း သင့်တော်ပါတယ်။
Indoor Plant တွေနဲ့ အလှဆင်မယ်
ပြောင်းလဲလာတဲ့ လူနေမှုပုံစံအရ ကိုယ့်အိမ်တွင်းမှာပဲ အပင်လေးတွေ စိုက်ပျိုးလာကြပါတယ်။ အခုလို အခြေအနေမျိုးမှာဆို စိတ်မွန်းကြပ်စရာတွေ ဖြေဖျောက်ဖို့အတွက် ဝါသနာပါတဲ့ အပင်တွေကို စိုက်ပျိုးတာဟာ စိတ်လည်း အပန်းပြေစေသလို Screen Time လည်း လျှော့ချပြီးသား ဖြစ်မှာပါ။
အိမ်တွင်းမှာ စိုက်ပျိုးနိုင်မယ့် Indoor Plant တွေကို အွန်လိုင်းကနေလည်း ဝယ်ယူနိုင်ပါတယ်။ မိမိရဲ့ အိပ်ခန်း၊ အလုပ်စားပွဲ၊ လှေကားထောင့် စတဲ့ နေရာတွေ (သို့မဟုတ်) ခြံဝင်းထဲမှာဖြစ်ဖြစ် အုန်းပွားပင်၊ Lucky Plant ၊ ရွှေလာငွေလာ၊ နဂါးစက်ဂမုန်း၊ သနပ်ခါးပန်း၊ Cactus စတဲ့ အပင်တွေကို စိုက်ပျိုးနိုင်ပါတယ်။
You may also like these stories:
စင်ကာပူလေကြောင်းပိုင် လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲ
နယူးဒေလီမှာ လေထု အရည်အသွေး အဆိုးရွားဆုံးအဆင့် ရောက်နေ
ဂျပန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မည်