COVID-19 ရောဂါကြောင့် ဒီနှစ်သီတင်းကျွတ်မှာ လူကြီးမိဘ၊ ဆရာသမားတွေကို အိမ်တိုင်ရာရောက် သွားပြီး ကန်တော့ခွင့်မရလို့ စိတ်မကောင်းဖြစ်နေကြသူတွေအတွက် ကိုယ်ချစ်ခင်ရသူတွေကို အဝေးကနေ ဂါရဝပြုနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။
ဒီနေ့ခေတ်လို နည်းပညာခေတ်မှာ အွန်လိုင်းကနေ အချိန်မရွေး ဆက်သွယ်နိုင်သလို Delivery တွေကနေ ကန်တော့မယ့် ပစ္စည်းတွေ ဝယ်ပို့ပေးပြီးလည်း ကန်တော့နိုင်ပါတယ်။ ဒါကြောင့် အန္တရာယ်လည်း ကင်းပြီး၊ မိသားစုတွေ အဆက်အသွယ် မပြတ် အွန်လိုင်းကနေ သီတင်းကျွတ်ကာလကို အတူ ဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးပါမယ်။
“လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့မယ်”
အရင်နှစ်တွေကလို မိသားစု၊ ဆွေမျိုးတွေထံ အိမ်အထိ သွားရောက် ကန်တော့လို့ အဆင်မပြေတော့တာကြောင့် လက်ဆောင်ပစ္စည်းတွေကို အွန်လိုင်းကနေ မှာယူပြီး အိမ်အရောက်ပို့ စနစ်နဲ့ ဂါရဝပြု ကန်တော့နိုင်ပါတယ်။
လက်ဆောင်ခြင်းတွေကို City Mart ၊ စိန်ဂေဟာ၊ Ocean Supercenter စတဲ့ ဈေးဝယ် မားကတ်တွေကနေ အွန်လိုင်းကတဆင့် မှာယူနိုင်ပြီး အိမ်အရောက်ပို့ စနစ်နဲ့ ပို့ဆောင် ကန်တော့နိုင်ပါတယ်။ ဒါ့အပြင် ရပ်ကွက်ထဲမှာရှိတဲ့ Convenience Store တွေကနေလည်း Delivery စနစ်နဲ့ ပို့ဆောင် ကန်တော့နိုင်ပါတယ်။
“သစ်သီးခြင်းတွေနဲ့ ကန်တော့မယ်”
သီတင်းကျွတ်ချိန်ခါမှာ လူကြီးမိဘတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် သစ်သီးတွေနဲ့ ကန်တော့နိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေလည်း ရှိပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေကို ခြင်းနဲ့ သပ်ရပ်စွာ ထုပ်ပိုး ပြင်ဆင်ပေးပြီး အိမ်အရောက် ပို့ဆောင် ကန်တော့နိုင်ပါတယ်။ သစ်သီးတွေကို ပန်းစည်းပုံစံ အလှဆင်ပြီးလည်း ကန်တော့နိုင်ပါတယ်။
“မြန်မာ့ရိုးရာ မုန့်မျိုးစုံနဲ့ ကန်တော့ကြမယ်”
မြန်မာ့ရိုးရာမုန့်များ ရောင်းချပေးနေတဲ့ အွန်လိုင်း မုန့်အရောင်းဆိုင်တွေကနေ မုန့်တွေနဲ့ ကန်တော့တာပဲဖြစ်ဖြစ်၊ လက်ဆောင်ပို့ပေးတာပဲဖြစ်ဖြစ် လူကြီးတွေကို ဂါရဝပြုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသ အသီးသီးက ထွက်တဲ့ မုန့်မျိုးစုံ၊ အစားအစာတွေကို အွန်လိုင်းကနေ မှာယူကာ ကန်တော့ခြင်းနဲ့ လက်ဆောင် ပေးပို့ ကန်တော့နိုင်ပါတယ်။
ပုသိမ် ဟာလဝါမုန့်၊ မန္တလေး ထိုးမုန့်၊ ပဲမုန့်၊ လမုန့် ၊ အုန်သီးခေါက်မုန့်၊ အငံမုန့်၊ ကိတ်မုန့်၊ ကိတ်ခြောက် စတဲ့ မုန့်မျိုးစုံကို အွန်လိုင်းကနေ မှာယူကာ Delivery နဲ့ ပို့ဆောင် ကန်တော့နိုင်ပါတယ်။
You may also like these stories:
ဂျပန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မည်
စင်ကာပူလေကြောင်းပိုင် လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲ
နယူးဒေလီမှာ လေထု အရည်အသွေး အဆိုးရွားဆုံးအဆင့် ရောက်နေ