• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ရင်သွေး ၁၅ ယောက်မြောက် ရောက်မှ သမီးမိန်းကလေး မွေးဖွားခဲ့တဲ့ စုံတွဲ

by Aurora
13 November 2020
in Trend
A A
သား ၁၄ ယောက်နဲ့ သမီးတဦး မွေးဖွားထားတဲ့ မိသားစု

သား ၁၄ ယောက်နဲ့ သမီးတဦး မွေးဖွားထားတဲ့ မိသားစု

16.7k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်က ဇနီးမောင်နှံဟာ သားယောက်ျားလေးတွေပဲ ၁၄ ယောက်မွေးပြီးနောက် သူတို့လိုချင်နေတဲ့ သမီးလေး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆယ်စုနှစ် ၃ စုနီးပါး ကြာအောင် သမီးလေးကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် ကြိုးစားခဲ့ရတာပါ။

Kateri နဲ့ Jay Schwandt တို့စုံတွဲဟာ သမီးလေး လိုချင်ပေမယ့် သားယောက်ျားလေးချည်း ၁၄ ယောက် ရခဲ့ပြီးမှ ယခင်အပတ်ကပဲ မိသားစုဝင် ၁၇ ယောက်မြောက် ၇ ပေါင် ၈ အောင်စရှိ သမီးလေး Maggie Jayne ကို မွေးဖွားနိုင်ခဲ့ပါတယ်။

RelatedPosts

နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
223
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
945
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
378

မီချီဂန်စုံတွဲမှာ Tyler, Zach, Drew, Brandon, Tommy, Vinny, Calvan, Gabe, Wesley, Charlie, Luke, Tucker, Francisco နဲ့ ၂၀၁၈ ခုနှစ်က မွေးဖွားခဲ့တဲ့ Finley ဆိုတဲ့ သားယောက်ျားလေး ၁၄ ယောက်ကို ပိုင်ဆိုင်ထားတာပါ။

“Maggie Jayne လေး မိသားစုထဲကို ရောက်လာပေးလို့ ကျနော်တို့အားလုံး အပျော်လွန်ပြီး အရမ်းကို စိတ်လှုပ်ရှားနေကြတယ်” လို့ Jay Schwandt က ပြောပါတယ်။ “ဒီနှစ်ကတော့ တကယ့်ကို အကြောင်းအရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ အမှတ်တရပါပဲ။ ဒီထဲကမှ Maggie လေးကတော့ ကျနော်တို့ စိတ်ကူးယဉ်ခဲ့သမျှ အကောင်းဆုံး လက်ဆောင်ပေါ့ဗျာ” လို့ Jay က ဆိုပါတယ်။

Kateri နဲ့ Jay Schwandts တို့ ဇနီးမောင်နှံဟာ Gaylord High School နဲ့ Gaylord St.Mayr’s အထက်တန်း ပထမနှစ်မှာကတည်းက ဆုံတွေ့ခဲ့ကြပြီး ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အသက် ၄၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kateri နဲ့ Jay တို့ဟာ ကောလိပ်ကနေ ဘွဲ့မရခင်မှာပဲ သားယောက်ျားလေး ၃ ယောက် ရခဲ့ပါတယ်။

“ကျနော့် မိဘတွေ နောက်ဆုံးတော့ သူတို့လိုချင်တဲ့ သမီးမိန်းကလေး ပိုင်ဆိုင်ခွင့်ရခဲ့ပြီ” လို့ သားအကြီးဆုံး Tyler Schwandt က ပြောပါတယ်။

“ဒီတခါလည်း ယောက်ျားလေးပဲ မွေးမယ်လို့ ထင်ခဲ့တာပါ။ မမွေးခင်အထိ ကျနော့်မိဘတွေက မိန်းကလေးနာမည် ဘယ်လိုပေးရမလဲတောင် စဉ်းစားမိမယ် မထင်ဘူး။ အမေ့ဆီမှာဆို ပန်းရောင်အင်္ကျီလေးတွေတောင် ရှိရဲ့လားမသိဘူး” လို့ သားအကြီးဆုံး Tyler က ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် Tyler ကတော့ ကိုယ်ပိုင်အိမ်နဲ့ ခွဲနေတာဖြစ်ပြီး စေ့စပ်ထားကာ မကြာခင် မင်္ဂလာပွဲ ကျင်းပတော့မှာပါ။ နောက်ဆို ယောက်ျားလေးတွေပဲ နေနေကျအိမ်မှာ မိန်းကလေးတယောက် တိုးလာတော့ အပြုအမူတွေကအစ အချိန်တခုယူပြီး ပြင်ယူရတော့မှာပေါ့လို့ ဆိုပါတယ်။

Schwandts မိသားစုဟာ အရင်ကလည်း သားယောက်ျားလေးတွေ အများကြီး မွေးထားတာကြောင့် သတင်းတွေမှာ ဖော်ပြလေ့ရှိပြီး၊ “14 Outdoorsmen” ဆိုတဲ့ တီဗီအစီအစဉ်တောင် ရှိပါတယ်။ ၂၀၁၈ ခုနှစ်က ၁၄ ယောက်မြောက် သားလေးမွေးပြီးစဉ် တီဗီအစီအစဉ်တခုမှာ Schwandts စုံတွဲက ကလေးမမွေးခင် ဘာလေး ဖြစ်မလဲဆိုတာ ဘယ်တော့မှ ကြိုကြည့်လေ့ မရှိဘူးလို့ ပြောခဲ့ဖူးပါတယ်။

Ref: edition.cnn

You may also like these stories:

ထရမ့်ကို ဇနီးနဲ့ သမီးက ရွေးကောက်ပွဲရလဒ် လက်ခံဖို့ တိုက်တွန်း

နာဆာ အာကာသတွင်း သန့်စင်ခန်းပုံစံ ပြိုင်ပွဲမှာ မလေးရှား ကလေးငယ် ပထမဆုရ

ထိုင်ဝမ်နိုင်ငံက ထူးထူးခြားခြား စားသောက်ဆိုင်များ

Your Thoughts …
Tags: Jay Schwandtစုံတွဲမွေးဖွားသမီး မိန်းကလေးသားယောကျာ်းလေး
Aurora

Aurora

Contributor

Similar Picks:

ဘဏ်က မှားထည့်ပေးခဲ့တဲ့ ဒေါ်လာ တသိန်းကျော်ကို သုံးစွဲပစ်ခဲ့တဲ့ စုံတွဲ

ဘဏ်က မှားယွင်းစွာ ထည့်ပေးမိတဲ့ ဒေါ်လာ တသိန်းကျော်ကို သုံးစွဲခဲ့တဲ့ စုံတွဲ တရားစွဲခံရ

by ရေဗန်
11 September 2019
10.2k

ဘဏ်က ပိုက်ဆံကို မေလမှာ မှားယွင်းစွာထည့်ပေးမိတာဖြစ်ပြီး ဇွန်လမှာ စတင်သတိထားမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မော်ဒယ် သန္တာဗိုလ်နဲ့ သရုပ်ဆောင် ကောင်းပြည့်တို့ စုံတွဲ  / Kaung Pyae's Facebook

“အိမ်ထောင်ကျသွားရင် စိတ်ညစ်ရမယ်ဆိုတဲ့ အတွေးမျိုး မတွေးဘူး”လို့ ပြောတဲ့ ကောင်းပြည့်တို့ စုံတွဲ

by ချစ်ပိုး
18 January 2020
10.4k

“အိမ်ထောင်ပြုဖို့ လိုပါသေးတယ်။ အိမ်ထောင်ကျပြီးသွားရင်လည်း ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝဖြစ်လာဖို့ကိုပဲ တွေးတယ်။ အိမ်ထောင်ပြုပြီးရင် အဆင်မပြေမှာတို့၊ မွန်းကြပ်မှာတွေကို မတွေးဘူး။

စက်ဘီးစီးပြီး ခရီးသွားကြတဲ့ Aurelie နဲ့ Marco တို့ စုံတွဲ

ဖင်လန်နိုင်ငံကနေ စင်ကာပူနိုင်ငံအထိ စက်ဘီးစီးကြတဲ့ စုံတွဲ

by ညီညီသူ
1 November 2019
7k

သူတို့ နှစ်ယောက်ရဲ့ ခရီးစဉ်ကို “၄၂၁ ခရီးစဉ်" လို့ နာမည်ပေးထားပါတယ်။ “၄၂၁ ခရီးစဉ်” ရဲ့ အဓိပ္ပါယ် ကတော့ “ဘီး ၄ ဘီး ၊ အသည်းနှလုံး ၂ ခု နဲ့...

ကြံ့နက်မလေး Doppsee ကနေ ပထမဆုံးအကောင်ပေါက်လေးကို မွေးဖွားပေးခဲ့တာပါ

အမေရိကန်နိုင်ငံ Potter Park တိရစ္ဆာန်ရုံမှာ မျိုးတုန်းတော့မယ့် ကြံ့နက်လေးတကောင် မွေးဖွား

by Aurora
30 December 2019
7.6k

ကြံ့နက်တွေဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိနေတဲ့ အမျိုးအစားဖြစ်ပြီး အကောင်ရေ ၅ ထောင်လောက်ပဲ အာဖရိကတောရိုင်းထဲမှာ ကျန်ရှိနေပါတယ်။

မိခင်နဲ့ ကလေးများကို ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ ပေးဖို့ UNICEF က တိုက်တွန်းထားပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးရက်မှာ ကမ္ဘာတဝှမ်း ကလေးငယ် ၃၉၀,၀၀၀ ကျော် မွေးဖွားခဲ့

by ရေဗန်
2 January 2020
11.1k

နှစ်တိုင်းရဲ့ ဇန်နဝါရီလမှာ UNICEF ဟာ နှစ်သစ်ရဲ့ အစမှာ ကမ္ဘာတဝှမ်း မွေးဖွားခဲ့တဲ့ ကလေးများစာရင်းကို ထုတ်ပြန်လေ့ ရှိပါတယ်။

ကော်ဖီဆိုင်မှာ အတူတွေ့ရတဲ့ မလေးရှား ဝန်ကြီးချုပ်တို့ စုံတွဲ

ဇနီးသည်နဲ့ နှစ်ယောက်တည်း KL မြို့အနှံ့ လျှောက်လည်ခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ်

by ရေဗန်
29 November 2019
20.8k

ဓာတ်ပုံတွေကို အသက် ၉၄ နှစ်အရွယ် ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပြီး "တခါတလေတော့ ကျနော့် ဇနီးနဲ့ လျှောက်လည်ရမှာပေါ့"ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားခဲ့ပါတယ်။

Next Post
Swab test ယူနေသည့် ကျန်းမာရေးဝန်ထမ်းအချို့ / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးပေးရန်ပြင်ဆင်

ဒီမိုကရေစီ လိုလားသော အတိုက်အခံ လွှတ်တော်အမတ်အားလုံး လွှတ်တော်မှ စုပေါင်း နုတ်ထွက်လိုက်သော ဟောင်ကောင်လွှတ်တော် / SCMP

ဘေ့ဂျင်း စွက်ဖက်မှုကြောင့် ဟောင်ကောင်အတိုက်အခံများ လွှတ်တော်မှ နုတ်ထွက်

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.9k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.6k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate