Instagram မှာ ရေပန်းစားနေတဲ့ ထိုင်ဝမ်က နာမည်ကျော် နေရာများ
ရှေးဟောင်းအဆောက်အအုံတွေ၊ ခေတ်မှီအဆောက်အအုံတွေ၊ သဘာဝအလှတရားတွေနဲ့ ရောယှက်လှပနေတဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ရူခင်းတွေဟာ တခြားဒေသက ခရီးသွားဆွဲဆောင်ရာ နေရာတွေလိုပဲ သူ့ကိုယ်ပိုင်အလှနဲ့သူ ပြီးပြည့်စုံနေတာပါ။ ထိုင်ဝမ်ကို သွားရောက် လည်ပတ်ရင်း အမှတ်တရပုံတွေ ဖန်တီးချင်တဲ့ ဓာတ်ပုံ ဝါသနာအိုးတွေအတွက် Instagram မှာ ရေပန်းစားနေတဲ့ ထင်ရှားတဲ့ နေရာတွေထဲက တချို့ကို ရွေးချယ်ပေးထားပါတယ်။
(၁) Elephant Mountain
ပထမဆုံးနေရာကတော့ မိနစ် ၂၀ လောက်အချိန်ပေးပြီး လှေခါးထစ်တွေကနေ တက်သွားလိုက်တာနဲ့ ထိုင်ဝမ်ရဲ့ နာမည်ကျော် အမှတ်သင်္ကေတ 101 အဆောက်အအုံအပါအဝင် တမြို့လုံးကို အပေါ်စီးကနေမြင်ရမယ့် အလှပဆုံး ရူမျှော်ခင်းနောက်ခံကို မြင်တွေ့ရမှာပါ။ အပေါ်ရောက်တာနဲ့ လှေကားထစ်တွေတက်ရလို့ ပင်ပန်းတဲ့စိတ်တောင် ယူပစ်သလို ပျောက်သွားစေမယ့် နာမည်ကျော် နေရာတခုပါ။
(၂) Alishan
ဒီနေရာလေးကတော့ နေဝင်ချိန် နဲ့ နေထွက်ချိန်တွေကို ကြည့်ဖို့အတွက် နာမည်ကျော်ပါတယ်။ အထူးသဖြင့် မနက်နေထွက်စ အချိန်လေးကတော့ ဓာတ်ပုံရိုက်မယ်ဆို အကောင်းဆုံးအချိန်လို့ ညွှန်းဆိုကြပါတယ်။ မနက် ၅ နာရီ ရထားနဲ့ ထွက်လာရုံနဲ့ တကယ့်ကိုငေးကြည့်နေရမယ့် Alishan ရဲ့ အလှတရားကို မြင်တွေ့ခွင့်ရမှာပါ။
(၃) JiuFen Old Street
“Spirited Away” ဂျပန် Animation ဇာတ်ကားကြည့်ဖူးတဲ့သူဆိုရင် ဒီနေရာလေးကို ရင်းနှီးတယ်လို့ ခံစားမိစေမှာပါ။ တကယ်လည်း ဒီနေရာလေးက ရုပ်ရှင်ကို မှီငြိမ်းထားတယ်လို့ ထင်ရအောင် ဆွဲဆောင်နိုင်ပါတယ်။ ခရီးသွား ဧည့်သည်တိုင်း မဖြစ်မနေ လာရောက် လည်ပတ်ကြပြီး အိုင်ဒီယာ အလန်းစားတွေနဲ့ ခပ်မိုက်မိုက်ပုံလေးတွေ ဖန်တီးကြည့်နိုင်ပါတယ်။
(၄) Sun and Moon Lake
“နေနဲ့လ” လို့နာမည်ပေးထားတဲ့ ရေကန်ကျယ်ကြီးမှာ အမှတ်တရ ရိုက်ကူးစရာ ရေကန်တခုတည်းမဟုတ်ပါဘူး။ တိမ်မြူတွေ ဆိုင်းနေတဲ့ တောင်တန်းကြီးတွေ နောက်ခံပြီး အလှပဆုံး ရူမျှော်ခင်းပုံတွေ ဖန်တီးယူလို့ရပါတယ်။ အမြဲတမ်းလိုလို မြူတွေဆိုင်းနေတတ်လို့ သွားမယ့်နေ့မှာတော့ ရာသီဥတုသာသာယာယာဖြစ်မယ်ဆိုရင် အိုကေပေမယ့် မြူဆိုင်းနေရင်တော့ ပုံတွေဘယ်လို ပြောင်းရိုက်ရင်ကောင်းမလဲဆိုတာပါ စဉ်းစားသွားပါ။
(၅) High-Heel Wedding Church
အပြာရောင်ဒေါက်ဖိနပ်ပုံစံ မင်္ဂလာအခမ်းအနားတွေ ကျင်းပရာ အဆောက်အအုံကတော့ ထိုင်ဝမ်ရောက်ရင် မဖြစ်မနေကို သွားသင့်တဲ့ နေရာတခုပါ။ ချစ်သူစုံတွဲတွေ မင်္ဂလာအခမ်းအနား ကျင်းပရင်း အမှတ်တရ ဓာတ်ပုံတွေပါ ရိုက်ကူးနိုင်ဖို့ တည်ဆောက်ထားတာပါ။ နေ့ခင်းဘက်ဆိုလည်း လှတယ်ဆိုပေမယ့် ညဘက် မီးရောင်စုံတွေကြား တောက်ပနေတဲ့ မြင်ကွင်းကလည်း တမျိုးလေး ဆွဲဆောင်နေပြန်ပါတယ်။
(၆) Taipei 101
ထိုင်ဝမ်ရောက်ခဲ့ရင်တော့ နိုင်ငံရဲ့အမှတ်သင်္ကေတ Taipei 101 အဆောက်အအုံရှေ့တော့ ရောက်ဖူးရပါမယ်။ ယခင်က ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဖြစ်ခဲ့တဲ့ ဒီအဆောက်အအုံကို ဝါးဆစ်ပုံစံမျိုးတည်ဆောက်ထားတာပါ။ အဆောက်အအုံအမြင့်ကို နောက်ခံထားပြီး ရိုက်ချင်တယ်ဆိုရင် မြေညီထပ်ဝင်ပေါက် ရှေ့နေရာက အကောင်းဆုံးဖြစ်ပြီး အပေါ်ဆုံးထပ်ကတော့ တမြို့လုံး ရှုခင်းကို ၃၆၀ ဒီဂရီလှည့်ပတ် ကြည့်နိုင်ပါတယ်။
Ref: Daily Tourist
You may also like these stories:
ရှေးဟောင်း ပိရမစ်တွေကို ကြည့်ရှုရင်း အပန်းဖြေ စားသောက်နိုင်မယ့် နေရာသစ်
ပြည်တွင်းခရီးသွားတွေကို ထောက်ပံ့ပေးမယ့် အစီအစဉ် ထိုင်းအစိုးရ ပြင်ဆင်
စင်ကာပူလေကြောင်းပိုင် လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲ