Trend

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ပေါ် ပျံသန်းပြခဲ့သူ မတော်တဆမှုကြောင့် သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးပေါ် ကျော်လွန်ပြီး ပျံသန်းပြခဲ့တဲ့ jetman အဖွဲ့ဝင်တဦးဖြစ်သူ ပြင်သစ်နိုင်ငံသားဟာ လေ့ကျင့်ရေးဆင်းနေစဉ်မှာ မတော်တဆဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရတယ် လို့ အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

အသက် ၃၆ နှစ်အရွယ် Vincent Reffet ဟာ နိုဝင်ဘာ ၁၇ ရက်က ဒူဘိုင်းရှိ သဲကန္တာရထဲမှာ လေ့ကျင့်ရေး ပြုလုပ်နေစဉ် သေဆုံးခဲ့တာဖြစ်တယ်လို့ jetman အဖွဲ့အစည်းက ဆိုပေမယ့် အသေးစိတ် ဖြစ်ရပ်ကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။

ကွယ်လွန်သူ Vincent Reffet

“Vince က တကယ့်ကို ထူးချွန်တဲ့ ကစားသမားတယောက်ပါ။ ကျနော်တို့အဖွဲ့ရဲ့ လူချစ်လူခင် အများဆုံးနဲ့ လေးစားရဆုံး ပုဂ္ဂိုလ်ပါ။ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Vincent Reffet ဟာ Ironman စတိုင် Jumbo jet အင်ဂျင်တပ် အတောင်ပံပါစက်ကိုဝတ်ဆင်ပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံပေါ် ပျံသန်းပြခဲ့စဉ် မှတ်တမ်းကို အွန်လိုင်းပေါ်က ကြည့်ရှုခဲ့သူတွေ အားလုံး အံ့သြမှင်သက်ခဲ့ရပါတယ်။

ဒူဘိုင်းရဲဌာနက မတော်တဆ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြန်ကြားခဲ့ခြင်း မရှိသလို၊ လေပိုင်နက်အတွင်း မတော်တဆမှု အားလုံးကို စုံစမ်းစစ်ဆေးရတဲ့ ယူအေအီးလေကြောင်း အာဏာပိုင်အဖွဲ့ကလည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါဘူး။

Reffet ဟာ ၈၂၈ မီတာ (၂,၇၁၆ ပေ ) မြင့်တဲ့ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa အဆောက်အအုံပေါ် ပျံသန်းပြပြီး ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ အစောပိုင်းကာလတွေတုန်းကလည်း skydiver တယောက်အဖြစ် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Reffet ရဲ့ မိဘတွေကိုယ်တိုင်က skydiver သမားတွေဖြစ်လို့ သူ့သွေးသားထဲကကို ဝါသနာပါနေခဲ့သူပါ။

“ရည်မှန်းချက်ကြီးကြီး ထားမယ်၊ ကိုယ်လုပ်ချင်တာကို နှစ်သက်တယ်ဆိုရင် ဘာမဆို ဖြစ်လာနိုင်တယ်ဆိုတာ ကျနော်ယုံကြည်တယ်” လို့ Reffet က ပြောပြခဲ့ဖူးပါတယ်။ Reffet ဟာ ဆွစ်ဇာလန်လူမျိုး စွန့်စားသူ Yves Rossy တည်ထောင်ထားတဲ့ Jetman အဖွဲ့စည်းရဲ့ အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့စည်းက အဖွဲ့ဝင်ကစားသမားတွေဟာ အင်ဂျင်လေးလုံးတပ် carbon-Kevlar တောင်ပံကြီးတွေ တပ်ဆင်ပြီး ကောင်းကင်အမြင့်ပေါ်မှာ ပျံသန်းပြလေ့ ရှိသူတွေပါ။

အင်ဂျင်စက်တပ် တောင်ပံကြီးတွေက အမြန် ဆုံး တနာရီကို ၂၄၈ မိုင်နှုန်းနဲ့ အမြင့်ပေ ၂၀,၀၀၀ ကျော်လောက်ထိ ပျံသန်းနိုင်ပါတယ်။ အကျော်ကြားဆုံးဖြစ်ရပ်အဖြစ် Reffet နဲ့ Rossy တို့ ၂၀၁၅ ခုနှစ်က Emirates Airbus A380 လေယာဉ်ကြီးနဲ့ အတူ ဒူဘိုင်းကောင်းကင်ယံမှာ အတူ ပျံသန်းပြခဲ့တာပါ။

“တကယ့် လွတ်လပ်မှုအရသာပါ။ ကျနော် skydiver လုပ်တုန်းက လွတ်လွတ်လပ်လပ် သွားနိုင်ခဲ့တာပါပဲ ဒါပေမဲ့ အမြဲတမ်း အောက်ပြန်ကျနေတာပဲလေ။ ခုကတော့ ဒီစက်နဲ့ဆိုရင် ငှက်တကောင်လို ပျံသန်းနေနိုင်တယ်” လို့ Reffet က ပြောပြခဲ့ပါတယ်။

Ref: South China Morning Post

You may also like these stories:

တောင်ကိုရီးယားမှာ မဖြစ်မနေ Mask တပ်ရမယ့် စည်းကမ်းချက် ထုတ်ပြန်

Instagram မှာ ရေပန်းစားနေတဲ့ ထိုင်ဝမ်က နာမည်ကျော် နေရာများ

ရင်သွေး ၁၅ ယောက်မြောက် ရောက်မှ သမီးမိန်းကလေး မွေးဖွားခဲ့တဲ့ စုံတွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading