• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ထိုင်ဝမ်မှာ ၈ စက္ကန့်ကြာ Quarantine စည်းကမ်း ချိုးဖောက်သူကို ကန်ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်

by Aurora
8 December 2020
in Trend
A A
ထိုင်ဝမ်ဟာ COVID-19 ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး ချီးကျူးခံထားရတဲ့ နိုင်ငံပါ။

ထိုင်ဝမ်ဟာ COVID-19 ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး ချီးကျူးခံထားရတဲ့ နိုင်ငံပါ။

35.6k
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ်နိုင်ငံက တာဝန်ရှိသူတွေဟာ ၈ စက္ကန့်ကြာ Quarantine စည်းကမ်း ချိုးဖောက်ခဲ့တဲ့ အမျိုးသားတဦးကို ထိုင်ဝမ် ဒေါ်လာ ၁၀၀,၀၀၀ ဒဏ်ကြေး ရိုက်ခဲ့ပါတယ်။ သူဟာ Kaohsiung မြို့က ဟိုတယ်တခုမှာ Quarantine ဝင်နေတာပါ။

ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတဦးဖြစ်သူ အမျိုးသားဟာ တည်းခိုရာ ဟိုတယ်ခန်း အပြင်ဘက် လျှောက်လမ်းကို စက္ကန့်ပိုင်းလောက် ထွက်ခဲ့တာဖြစ်တယ်လို့ Kaohsiung မြို့ ကျန်းမာရေးဌာနက ထိုင်ဝမ်သတင်းအေဂျင်စီ (CNA) ကို ပြောပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.2k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
515
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
501

အဆိုပါ အမျိုးသား အခန်းအပြင်ကို စက္ကန့်ပိုင်းလိုက် ခြေချမိလိုက်ပုံတွေကို ဟိုတယ် ဝန်ထမ်းတွေက CCTV က တဆင့် တွေ့မြင်ခဲ့ရာက ကျန်းမာရေးဌာနကို အကြောင်းကြားခဲ့လို့ Quarantine စည်းကမ်းချိုးဖောက်မှုနဲ့ ထိုင်ဝမ် ဒေါ်လာ ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၅၀၀) ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ Quarantine စည်းမျဉ်းအရ အချိန်ဘယ်လောက်ပဲဖြစ်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့အခန်းအတွင်းကနေ ဘယ်သူမှ အပြင်မထွက်ရလို့ ထုတ်ပြန်ထားတာပါ။ ဟိုတယ်မှာ Quarantine ဝင်နေသူတွေကလည်း အခန်းပြင်ထွက်ရုံလောက်နဲ့ ဒဏ်ကြေးငွေ မပေးရဘူးလို့ မှတ်ယူ မထားသင့်ကြောင်း ကျန်းမာရေးဌာနက ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ Kaohsiung မြို့မှာ Quarantine ထားရှိထားတဲ့ ဟိုတယ် ၅၆ လုံးနဲ့ အခန်းပေါင်း ၃,၀၀၀ ကျော်ရှိတယ် လို့ ကျန်းမာရေးဌာနက CNA ကို ပြောပြပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ COVID-19 ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး ချီးကျူးခံထားရတာပါ။ ဘယ်တော့မှ တင်းကျပ်တဲ့ Lockdown တွေ မချမှတ်ခဲ့သလို ပြည်သူတွေအပေါ်လည်း တရုတ်ပြည်မကြီးလို အသွားအလာ ကန့်သတ်ပိတ်ပစ်တာမျိုး မရှိပါဘူး။

ကန့်သတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေထက် ထိုင်ဝမ်ဟာ လျင်မြန်မှုကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ထွက်ပေါ်လာခဲ့ချိန်က စလို့ ဝူဟန်ကနေ တိုက်ရိုက်ပျံသန်းတဲ့ လေကြောင်းလိုင်းတွေကို ၂၀၁၉၊ ဒီဇင်ဘာ ၃၁ ရက်ကစလို့ စောင့်ကြည့်ခဲ့ပါတယ်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆေးစစ်မှုတွေ အများအပြား ဆောင်ရွက်ခဲ့သလို ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူ အားလုံးကို ထိထိရောက်ရောက်နဲ့ မြန်ဆန်စွာ ခြေရာခံနိုင်အောင် လုပ်ဆောင်ခဲ့တာကြောင့်လည်း လူဦးရေ ၂၃ သန်းရှိတဲ့ ကျွန်းနိုင်ငံလေးမှာ COVID-19 ကူးစက်ခံထားရသူ ၇၁၆ ဦးသာ ရှိပြီး၊ ၇ ဦး သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Ref: edition.cnn

You may also like these stories:

ဝူဟန်မြို့ကို ခရီးသွားတွေ လာရောက် လည်ပတ်ကြဖို့ ဖိတ်ခေါ်

တရုတ်ကို ဆန့်ကျင်ပြီး သြစတြေးလျဝိုင် ကမ်ပိန်းကို ထိုင်ဝမ် ထောက်ခံ

အနုပညာပြခန်းလို ဖန်တီးထားတဲ့ ထိုင်ဝမ်က Wuguan Books စာအုပ်ဆိုင်

Your Thoughts …
Tags: Quarantineထိုင်ဝမ်
Aurora

Aurora

Contributor

Similar Picks:

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

by Song Danyang
18 January 2024
5.1k

တရုတ်၏ ခွင့်ပြုချက်မရဘဲ ထိုဒေသများကို ထိန်းချုပ်ရေး ခက်ခဲသည်ကို စစ်ကောင်စီတပ်များ သဘောပေါက်သောအခါ စိတ်ဓာတ်ကျဆင်းခဲ့မည်။

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

by Ankit K
11 March 2025
4.7k

ထိပ်ဆုံးမှ ထိုအပြောင်းအလဲများက သမ္မတ ရှီကျင့်ဖျင်သည် သူ ဆယ်စုနှစ်တခုကျော် ကွပ်ကဲခဲ့သောစစ်တပ်ကို ပြုပြင်ရန် မလုပ်နိုင်ကြောင်း ပြသနေသည်။

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

by Vaishali Basu Sharma
9 September 2024
3.2k

ပိုမိုအရှိန်အဝါ ကြီးမားလာပြီး သြဇာပြလာသည့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို ပိုမိုပြသလာကာ တင်းမာမှုများကို မြင့်လာစေသည်။

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

by Erin Hale
15 November 2024
2.4k

ဒေါ်နယ်ထရမ့်သည် သူ၏ လာမည့်အစိုးရတွင် တရုတ်ကို ရန်လိုသည့် သဘောထားကြောင့် နာမည်ကြီးသော ခေါင်းဆောင်များအား ရွေးချယ်လိုက်သည်။

Next Post
ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းကို အဝေးမှ မြင်ရပုံ / မွတ်စလင် ဒုက္ခသည်တဦး

ရခိုင်ဒုက္ခသည်စခန်းမှ မိန်းကလေးငယ်တဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူများအား ရှာဖွေနေ

တောင်ကိုရီးယားမှာ ကိုဗစ် ကာကွယ်ဆေး အဆင့်သင့်ဖြစ်နေပြီလို့ အစိုးရက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားအစိုးရက ကိုဗစ် ကာကွယ်ဆေး ၄၄ သန်းစာ ကြိုတင် မှာယူထား

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate