Trend

ယူကရိန်းရှိ ချာနိုဘိုင်းနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစား

Want create site? Find Free WordPress Themes and plugins.

ယူကရိန်းအစိုးရဟာ နိုင်ငံမြောက်ပိုင်း ချာနိုဘိုင်း (Chernobyl) နျူကလီးယား ဓာတ်အားပေး စက်ရုံ ပေါက်ကွဲခဲ့တဲ့နေရာကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားနေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ပြင်းထန်စွာ ပေါက်ကွဲခဲ့တာကြောင့် လူဦးရေ သောင်းနဲ့ချီ ရွှေ့ပြောင်းသွားခဲ့တည်းက သရဲမြို့တော်ကြီးလို ခြောက်သွေ့နေခဲ့တာပါ။

၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အဆိုးဆုံး နျူကလီးယား မတော်တဆမှုဖြစ်ခဲ့ရာ Pripyat မြို့ကို လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် ၁၃၀,၀၀၀ နီးပါး ရှိပါတယ်။ ဒါကြောင့်လည်း ယူကရိန်းအစိုးရဟာ ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် အင်္ဂလန်နိုင်ငံက Stonehenge နဲ့ အိန္ဒိယက တက်ချ်မဟာတို့လို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နေရာ ဖြစ်လာဖို့ ကြိုးစားနေတာပါ။

အင်္ဂလန်နိုင်ငံက Stonehenge

အင်္ဂလန်နိုင်ငံက Stonehenge ဆီ ၂၀၁၉ ခုနှစ်မှာ ခရီးသွား ၁ ဒသမ ၆ သန်း လာရောက် လည်ပတ်ကြသလို၊ အိန္ဒိယက တက်ချ်မဟာကိုလည်း ခရီးသွား ၅ ဒသမ ၆ သန်းထိ လာရောက်ခဲ့ကြပါတယ်။ ယူကရိန်းကလည်း ချာနိုဘိုင်းနယ်မြေကို ကမ္ဘာ့အထင်ရှားဆုံး ခရီးသွား လည်ပတ်ရေးနေရာဖြစ်ဖို့ မျှော်မှန်းနေပါတယ်။

အိန္ဒိယက တက်ချ်မဟာ

“တကယ်တော့ ချာနိုဘိုင်း နယ်မြေက ကမ္ဘာ့ပေါ်မှာ ထင်ရှားတဲ့ အထိမ်းအမှတ်တခု ဖြစ်ပြီးသားပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ တရားဝင် အသိအမှတ် ပြုထားတာမျိုး မရှိသေးပါဘူး” လို့ အသက် ၃၈ နှစ်အရွယ် ဧည့်လမ်းညွှန် တဦးဖြစ်သူ Masksym Polivko က ပြောပြပါတယ်။

၁၉၈၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်မှာ ပေါက်ကွဲခဲ့တဲ့ စတုတ္ထ နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆမှုဟာ ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ Pripyat မြို့နားမှာ ဖြစ်ပေါ်ခဲ့တာပါ။ အဆိုပါ နေရာဟာ ယူကရိန်း-ဘီလာရုစ် နယ်စပ်နဲ့လည်း ၁၆ ကီလိုမီတာပဲ ကွာဝေးပါတယ်။

ပေါက်ကွဲမှုမှာ ထွက်ပေါ်လာတဲ့ ဓာတ်ရောင်ခြည်ပြင်းအားကြောင့် ချာနိုဘိုင်း နယ်မြေထဲမှာ လူသားတွေ နေထိုင်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၄,၀၀၀ လောက်ထိ အန္တရာယ်ရှိနိုင်တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက သတိပေး ပြောကြားထားပါတယ်။

ယူကရိန်းယဉ်ကျေးမှုဝန်ကြီး Oleksandr Tkachenko က ချာနိုဘိုင်း နယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်လာတဲ့အခါ လာရောက် လည်ပတ်ကြပြီး နောင်မျိုးဆက်တွေကို နျူးကလီးယား မတော်တဆ ပေါက်ကွဲမှု အန္တရာယ် ကြီးမားကြောင်း သိစေလို့တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီနေရာကို သမိုင်းဝင်နေရာ ဖြစ်လာပြီး အမှတ်ရနေအောင် လုပ်ဆောင်ပေးချင်ပါတယ်။ ဆက်သွယ်ပေးမယ့် လမ်းတံတားတွေ၊ အခြေခံ အဆောက်အအုံတွေ ရှိလာစေချင်တယ်။ အနည်းဆုံးတော့ ခရီးသွား ဧည့်သည်တွေ စိတ်ဝင်တစား ပိုများလာစေချင်တယ်” လို့ ဝန်ကြီး Tkachenko က ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာကို နှစ်စဉ် ခရီးသွားဧည့်သည် ထောင်သောင်းချီ လာရောက် လည်ပတ်တာကြောင့် အနီးနားက ရွာတွေမှာ စည်ကားနေသလို၊ ဓာတ်ရောင်ခြည် အန္တရာယ် သတိပေးထားတဲ့ကြားက လူကြီးပိုင်း အယောက် ၁၀၀ ကျော်လောက် နေထိုင်နေကြဆဲ ဖြစ်ပါတယ်။

Ref: Bangkok Post , CGTN

You may also like these stories:

Facebook ကို ခွဲထုတ်ဖို့ Mark Zuckerberg ရဲ့ သူငယ်ချင်းက တိုက်တွန်း

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပခွင့်ပေးမည်

အနုပညာပြတိုက်နေ ကြောင်အကောင် ၅၀ အတွက် အလှူငွေချန်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား

Did you find apk for android? You can find new Free Android Games and apps.
Loading