နှစ်သစ်ကူးညမှာ ဖိလစ်ပိုင် လေယာဉ်မယ် Christine Dacera သေဆုံးမှုနဲ့ သံသယရှိသူ အမျိုးသား ၁၁ ဦးကို တရားစွဲဆိုလိုက်တယ်လို့ Makati ရဲဌာနက ထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဖိလစ်ပိုင် လေကြောင်းလိုင်း လေယာဉ်မယ် Christine ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ယောက်ျားလေးသူငယ်ချင်းတွေကို တရားစွဲ ဆိုလိုက်တာပါ။
Christine ဟာ နှစ်သစ်ကူးအကြိုညမှာ သူငယ်ချင်းတွေနဲ့အတူ ပါတီပွဲဆင်နွှဲအပြီး နောက်တနေ့မှာ သူမကို ယောက်ျားလေး သူငယ်ချင်းတွေက အုပ်စုဖွဲ့ မုဒိမ်းကျင့်ထားတဲ့ ဒဏ်ရာတွေနဲ့ Makati စီးတီးဟိုတယ် ရေချိုးခန်းထဲမှာ တွေ့ခဲ့ကြတာပါ။ Makati Medical Center ကို ခေါ်လာခဲ့ပေမယ့် ရောက်လာတည်းက သေဆုံးနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ Christine ရဲ့ ကိုယ်ခန္ဓာပေါ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ Christine ဟာ ဇန်နဝါရီ ၁ ရက်က မိတ်ဆွေ အမျိုးသား ၃ ယောက်နဲ့အတူ Makati ရှိ City Garden ဟိုတယ်မှာ နေ့လယ် ၁၂ ခွဲ လောက် check-in ဝင်ခဲ့တာပါ။
ပါတီပွဲအပြီး နောက်တနေ့ မနက် ၁၀ နာရီလောက်မှာ အတူပါလာသူ အမျိုးသား Galida က ရေချိုးခန်းထဲမှာ Christine အိပ်ပျော်နေတယ်ထင်ပြီး စောင်ခြုံပေးခဲ့ပါသေးတယ်။ နောက်နာရီ အနည်းငယ်အကြာမှာ တခေါက် ထပ်တွေ့တော့ Christine တယောက် ပြာနှမ်းနေပြီး အသက်မဲ့နေသလို ဖြစ်နေတာကြောင့် ဆေးရုံကို ခေါ် လာခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံရောက်ချိန်မှာတော့ သူမဟာ ပြန်နိုးမလာတော့ဘဲ သေဆုံးနေပြီလို့ ဆိုပါတယ်။
Makati ရဲဌာနအကြီးအကဲက သေဆုံးသူ လေယာဉ်မယ် Christine ဟာ ညနေ ၅ နာရီလောက်မှာ သွေးကြော ပေါက်ပြီး သေဆုံးသွားခဲ့တာအပြင် သူမကိုယ်ပေါ်မှာ ခြစ်ရာ ဒဏ်ချက်တွေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ထားတယ်လို့ ဆိုပါတယ်။
သူမဟာ အဆိုပါ ဟိုတယ်အခန်းမှာ အတူလာ အမျိုးသားတွေအပြင် ၁၀ ယောက်လောက်နဲ့ ပါတီဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ သံသယရှိသူတွေထဲက အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ကျန် ၈ ဦးကိုလည်း ရှာဖွေနေတယ်လို့ ရဲဌာနက ပြောဆိုထားပါတယ်။
သေဆုံးသူ Christine ရဲ့မိခင်ကို သတင်းဌာနတခုက အင်တာဗျူးစဉ်မှာတော့ Christine ရဲ့ မိတ်ဆွေတွေကို ယုံကြည်တာကြောင့် ပါတီပွဲ အတူတူသွားဖို့ ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။ “တခြား လေယာဉ်ဝန်ထမ်းတွေလည်း ပါတော့ ဒီလိုဖြစ်လိမ့်မယ် မထင်ထားခဲ့ဘူး” လို့ Christine မိခင်က ဖြေကြားပါတယ်။
“ဘာကြောင့် ကျမသမီးလေးကို ဒီလိုလုပ်ရက်ကြတာလဲ။ သမီးလေးအတွက် အမှုမှန် ပေါ်ပေါက်အောင် ကြိုးစားသွားမှာပါ။ သူတို့ သားသမီးတွေမှာလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့ ဆုတောင်းပါတယ်။ သူတို့ ကျမ သမီးလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သလိုမျိုး သူတို့ မောင်နှမတွေမှာ မဖြစ်ပါစေနဲ့ ဆုတောင်းပေးတယ်။ နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်စေချင်တော့ဘူး” လို့ Christine မိခင်က ဆိုပါတယ်။
Ref: Coconut Manila
You may also like these stories:
၂၀၂၀ ပြည့်နှစ်အတွက် အလှဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ပါဝင်
စင်ကာပူမှာ စားသောက်ဝိုင်းတဝိုင်းတွင် လူ ၈ ဦးထိ စားသောက်ခွင့်ပြု