Trend

အင်္ဂါဂြိုဟ်မှာ အခြေချ နေထိုင်ဖို့ ပိုင်ဆိုင်သမျှ အားလုံး ရောင်းမယ့် Elon Musk

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Elon Musk ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ကိုလိုနီ ချဲ့ထွင်ဖို့အတွက် သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ရောင်းချတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ကမ္ဘာ့အချမ်းသာဆုံး သူဌေးဘွဲ့ကို ခံယူထားတဲ့ Elon Musk ဟ အသားတင်တန်ဖိုး ဒေါ်လာ ၁၈၈ ဘီလီယံဖိုး ပိုင်ဆိုင်မှုတွေအတွက် ရောင်းချမယ့် အစီအစဉ် ရှိနေပြီလို့ သိရပါတယ်။

Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့ အမှုဆောင်အရာရှိချုပ် Musk ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ လူတွေ အခြေချ နေထိုင်နိုင်ရေးအတွက် ကိုလိုနီ ချဲ့ထွင်နိုင်ဖို့ ရင်းနှီးငွေ ရရှိရေး ပိုင်ဆိုင်မှု အများဆုံးကို ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။

သူဌေးကြီး Musk က “တကယ်တော့ ကျနော်က ကုမ္ပဏီတွေမှာရှိတဲ့ စတော့ရှယ်ယာတွေက လွဲလို့ ငွေကြေး တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို လုံးဝနီးပါး မပိုင်ထားတဲ့သူပါ။ တကယ်လို့ အလုပ်မှာ ကိစ္စတွေက အရေးကြီးပြင်းထန်နေတယ်ဆိုရင် ကျနော်က စက်ရုံ ဒါမှမဟုတ် အလုပ်မှာ အိပ်ဖြစ်မှာပါ။ ပြီးတော့ ကျနော့် ကလေးတွေ အဲ့ဒီမှာရှိမယ်ဆိုရင်တော့ နေရာတခုလောက်တော့ လိုမှာပါ။ ဒါကြောင့် ကျနော့် နေရာ တခုခုလောက် ငှားရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မေလတုန်းကတော့ သူဌေးကြီး Musk ဟာ သူ့ရဲ့ပိုင်ဆိုင်မှု အားလုံးနီးပါးကို ရောင်းချဖို့ စီစဉ်ထားပြီး အိမ်တလုံးတောင် မပိုင်ရတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီအချိန်ကစလို့ စွန့်ဦးတီထွင်လုပ်ငန်းရှင် Musk ဟာ သူ့ရဲ့အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေထဲကနေ တန်ဖိုး ဒေါ်လာ သန်း ၁၀၀ ဖိုးရှိတဲ့ အိမ်တော်တော်များများကို ရောင်းချထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူကတော့ အခုလိုမျိုး ပိုင်ဆိုင်မှုတွေကို စုဆောင်းနေတာဟာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအတွက် မဟုတ်ဘဲ အင်္ဂါဂြိုဟ်ပေါ်မှာ ကိုလိုနီနယ်မြေတခု ရှာဖွေဖို့အတွက်သာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

သူက “လူသားမျိုးနွယ်ဟာ အာကာသထဲမှာ ခြေဆန့်မယ့် လူမျိုးနဲ့ ဂြိုဟ်တွေကို ပိုင်ဆိုင်တဲ့ မျိုးစိတ်တွေ ဖြစ်လာဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြီးတော့ အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တခုတည်ဖို့ အရင်းအမြစ်တော်တော်များများလည်း ရယူဖို့လိုပါတယ်။ ဖြစ်နိုင်ရင်အမြန်ဆုံး အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တခုတည်ဖို့အတွက် ငွေကြေး စိုက်ထုတ်ပေးချင်ပါတယ်။ အဲ့ဒါက မြို့တော်တွေ အများကြီးထက် ပိုကုန်ကျစရိတ်ပိုများမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တော့မယ်ဆိုတဲ့ သတင်းကတော့ သူဌေးကြီးဟာ မကြာခင်မှာ အင်္ဂါဂြိုဟ်ပေါ်ကို သွားတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာပဲ ဖြစ်ပါတယ်။

Ref: businessinsider

You may also like these stories:

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ သူဌေးကြီး Elon Musk

“တပွဲတလမ်း အကဲစမ်းမလား”လို့ Johnny Depp ကို သူဌေး Elon Musk စိန်ခေါ်

 

Loading