Trend

လေယာဉ်မယ် Christine သေဆုံးမှု ကိုင်တွယ်နေတဲ့ ရဲမှူးကို ရာထူး ဖယ်ရှား

Want create site? Find Free WordPress Themes and plugins.

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်သစ်ကူးည လေယာဉ်မယ် Christine Dacera သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ မာကာတီနယ်မြေဆိုင်ရာ ရဲမှူးဟာ ရာထူးက ဖယ်ရှားခံရမယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မုဒိမ်းကျင့်၊ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားသူ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီးနောက် ရာထူးကနေ ဖယ်ရှားခံရတယ်ဆိုတဲ့ အမိန့်ထွက်ပေါ်လာခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ဖိလစ်ပိုင်လေကြောင်းလိုင်း လေယာဉ်မယ် Christine ကို နှစ်သစ်ကူးည အကြို ပါတီအပြီး တည်းခိုရာ မနီလာက မာကာတီစီးတီးဟိုတယ် ရေချိုးခန်းထဲမှာ တွေ့ရှိခဲ့ကြပြီး၊ ဟိုတယ်ဝန်ထမ်းနဲ့ အတူ ပါလာသူ သူငယ်ချင်းတို့က ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် လေယာဉ်မယ် Christine Dacera

မာကာတီ ရဲမှူး ဗိုလ်မှူးကြီး Harold Depositar က သေဆုံးသူ လေယာဉ်မယ် Christine ဟာ သွေးကြော ပေါက်ပြီး သေဆုံးသွားခဲ့တာအပြင် သူမကိုယ်ပေါ်မှာ ခြစ်ရာဒဏ်ချက်တွေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

သေဆုံးမှုအပြီး မကြာခင်မှာပဲ ရဲဌာနဘက်က Christine ဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူမနဲ့အတူ နှစ်သစ်ကူးပါတီ ဆင်နွှဲခဲ့သူတွေထဲက သံသယရှိ ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်း သံသယရှိသူတွေကို ပြန်လွှတ်ပေးလိုက်သလို၊ ရဲတွေရဲ့ အစပိုင်းသုံးသပ်ချက်တွေကိုလည်း လူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

လူသိများလာတဲ့ အမှုအပေါ် ရဲဌာနဘက်က ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရအပြီးမှာ မာကာတီ နယ်မြေ ရဲမှူးကြီးကို ရာထူးက ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ စုံစမ်းရေးမှူးတွေရဲ့ နောက်ပိုင်း ထုတ်ပြန်ချက်တွေ အရ Christine သေဆုံးမှုကို မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနဲ့ စွဲချက်တင်ဖို့ အထောက်အထား မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဖိလစ်ပိုင် လေယာဉ်မယ် Christine Dacera

Christine သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသားတွေထဲက တဦးက နှစ်သစ်ကူးညမှာ သူမနဲ့ အတူ ပါတီဆင်နွှဲခဲ့ကြသူ အားလုံးဟာ လိင်တူချစ်သူတွေ ဖြစ်တယ်လို့ မီဒီယာတခုကို ပြောကြားလိုက်ရာက နောက်ပိုင်း ရဲဌာနဘက်က သုံးသပ်ချက်တွေအပေါ် လူတွေက မေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။

Christine Dacera ရဲ့ မိခင်ကတော့ သမီးဖြစ်သူဟာ မုဒိမ်းကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ “မင်းသာ Christine ခန္ဓာကိုယ်ကို မြင်ခဲ့မယ်ဆိုရင်၊ မိခင်တယောက်လည်း ဖြစ်နေမယ်ရင် သူ မသေခင် နာကျင် ခံစားခဲ့ရတာတွေကို ထပ်တူခံစားမိမှာပါ” လို့ သတင်းအစီအစဉ် တခုမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ တာဝန်ရှိသူတွေက Christine ရုပ်အလောင်း ဒုတိယအကြိမ် ဆေးစစ်ချက် ထွက်လာဖို့ စောင့်ဆိုင်းနေပါတယ်။ မိသားစုဘက်ကတော့ Christine ဟာ မူးယစ်ဆေးခတ်ခံရပြီး မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။

နာမည်ကျော် လက်ဝှေ့သမား Manny Pacquiao

နာမည်ကျော် လက်ဝှေ့သမားတဦးဖြစ်သူ လက်ရှိ အထက်လွှတ်တော်အမတ် Manny Pacquiao ကလည်း Christine သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀,၄၀၀ ဆုချမယ်လို့ ကမ်းလှမ်းထားပါတယ်။

Ref: BBC

You may also like these stories:

ဖိလစ်ပိုင် လေယာဉ်မယ် သေဆုံးမှုနဲ့ သံသယရှိ အမျိုးသား ၁၁ ဦးကို တရားစွဲဆို

Did you find apk for android? You can find new Free Android Games and apps.
Loading