Trend

တိုကျိုအိုလံပစ် ပြိုင်ပွဲအတွက် ကနဦး စည်းကမ်းချက်များ ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

တိုကျိုအိုလံပစ် ပွဲစီစဉ်သူတွေက COVID-19 ကာလအတွင်းမှာ လုံခြုံစိတ်ချရဖို့ စည်းမျည်းတချို့ ထုတ်ဖော် ပြောဆိုလာပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲကြီးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်အတွင်းဖြစ်လို့ အကာအကွယ် နှာခေါင်းစည်း Mask တချိန်လုံး တပ်ထားရမယ့်အပြင် သီချင်းဆိုခြင်း၊ ကခြင်း တားမြစ်သွားမှာပါ။

ဇန်နဝါရီ ၃ ရက်နေ့မှာ ပထမဆုံး ထွက်ပေါ်လာတဲ့ စည်းကမ်းချက်ပါ စာအုပ် ထွက်လာတာဟာ အားကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ ဂျပန်ပြည်သူတွေကို အိုလံပစ်ပြိုင်ပွဲကြီး နောက်ထပ် ရွှေ့ဆိုင်းဖို့ ထပ်မဖြစ်နိုင်တာကြောင့် လက်ခံ ယုံကြည်လာအောင် နှစ်သိမ့်ဖို့ ကြိုးစားလိုက်တာပါ။

နိုင်ငံတဝန်း စစ်တမ်း ကောက်ယူချက်အရ ဂျပန်အစိုးရဟာ တခြားတိုင်းပြည်တွေထက် COVID-19 ကို ထိန်းချုပ်မှုတွေ မြှင့်တင်လုပ်ဆောင်နေပေမယ့် ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်ကတော့ မူလ စီစဉ်ထားတဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအစား ရက်ရွှေ့တာ ဒါမှမဟုတ် ဖျက်သိမ်းတာကို အလိုရှိနေကြပါတယ်။

COVID-19 ကြောင့် သေဆုံးသူ အရေအတွက် ၆,၀၀၀ အောက်သာ ရှိသေးပေမယ့် နိုင်ငံရဲ့ ဒေသတချို့မှာ အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ “ပြည်သူတွေကြားထဲမှာ အခုနှစ် နွေရာသီမှာ ကျင်းပမယ့် တိုကျိုအိုလံပစ်ကို ဘယ်လိုပုံစံ ကျင်းပမလဲဆိုတဲ့ မေးခွန်းတွေ တကယ့်ကို အများကြီးရှိနေမှာပါ။ ဒီနေ့ကတော့ ဘယ်လိုတွေ လုပ်ဆောင်မယ်ဆိုတာ ရှေ့ပြေးအရင် ပြလိုက်တာပါပဲ” လို့ အိုလံပစ်ပြိုင်ပွဲ အမှုဆောင် ဒါရိုက်တာ Christophe Dubi က ဆိုပါတယ်။

စတင် မိတ်ဆက်ပေးလိုက်တဲ့ Playbook ကတော့ နိုင်ငံတကာ အားကစားအဖွဲ့စည်းတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူတွေအတွက်ဖြစ်ပြီး အားကစားသမား၊ မီဒီယာသမားနဲ့ ရုပ်သံလွှင့်သူတွေအတွက်လည်း မကြာခင် ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားဖို့ ရှိပါတယ်။

တကိုယ်ရည် သန့်ရှင်းရေး၊ ဆေးစစ်ရေးပိုင်း၊ လူဝင်မှု ကြီးကြပ်ရေးအတွက် စတဲ့ စာမျက်နှာ ၃၂ မျက်နှာ ပါရှိပြီး တာဝန်ရှိသူတွေက Quarantine ဝင်စရာ မလိုဘဲ ဂျပန်နိုင်ငံကို ရောက်ပြီး ၁၄ ရက် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်း သီချင်းဆိုခြင်း၊ သံပြိုင်အော်ဟစ် အားပေးခြင်းမျိုးကို တားမြစ်သွားမှာဖြစ်ပြီး အစားအစာချိန်၊ အိပ်ချိန်နဲ့ Outdoor ရောက်နေချိန်က လွဲလို့ နှာခေါင်းစည်း Mask တပ်ဆင်ထားရမှာပါ။ အဆိုပါ စည်းကမ်းချက်ဟာ ကစားသမားတွေကို ကူညီလိုက်ပါ ဆောင်ရွက်ပေးမယ့် Liaison officer တွေပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အဆိုပါ စည်းမျည်းတွေကို ချိုးဖောက်သူဟာ ပြိုင်ပွဲအပေါ်မှာပါ ဆိုးကျိုး သက်ရောက်မှု ရှိမယ့်အပြင် ပြိုင်ပွဲအပြင်ကို ထုတ်နိုင်တဲ့အထိ အရေးယူနိုင်ပါတယ်။ အဆိုပါ စည်းကမ်းချက်တွေကို ဧပြီလမှာ ပြင်ဆင် သတ်မှတ်ပေးသွားဖို့ ရှိပါတယ်။ တိုကျိုအိုလံပစ်အတွက် နိုင်ငံတဝန်း အိုလံပစ် မီးရှူးတိုင်သယ်ဆောင်ရေးကို မတ်လ ၂၅ ရက် စတင်တော့မှာ ဖြစ်ပါတယ်။

Ref: Aljazeera

You may also like these stories:

မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပိတ်ပင်ခံထားရကြောင်း Facebook အတည်ပြု

Apple ရဲ့ ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်

ထိုင်ဝမ်မှာ အမျိုးသားတဦး Quarantine ချိုးဖောက်မှုနဲ့ ကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading