မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူများဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝှမ်း လမ်းပေါ်ထွက်ကာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိပါတယ်။
အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ရပြီး၊ ယနေ့၊ မတ်လ ၄ ရက်နေ့အထိ လူသေဆုံးမှု အနည်းဆုံး ၃၈ ဦးအထိ ရှိပြီဖြစ်ကြောင်း “Heroes of Myanmar” ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ဝက်ဘ်ဆိုက်မှာ သေဆုံးသူတွေရဲ့ နာမည်၊ အသက်၊ သေဆုံးသွားတဲ့ နေ့စွဲ၊ သေဆုံးရတဲ့ အကြောင်းအရင်း စတဲ့ အချက်အလက်များကို သေချာ စာရင်း ပြုစုပေးထားပါတယ်။
အဆိုပါ အချက်အလက်များကို မတ်လ ၃ ရက်နေ့က နောက်ဆုံး ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ သတင်း နောက်ထပ် ရရှိပါက (သို့မဟုတ်) သတင်း မှားယွင်းမှုရှိပါက အတတ်နိုင်ဆုံး ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ မည်သူမဆို သတင်းပေးပို့၊ ဖြည့်စွက်နိုင်ကြောင်းနှင့် အာဇာနည်များအား ဝမ်းနည်းစွာ ဂုဏ်ပြု မှတ်တမ်းတင်ပေးထားတာ တွေ့ရပါတယ်။
“Heroes of Myanmar” ဝက်ဘ်ဆိုက် လိပ်စာကတော့ https://www.heroesofmyanmar.com/#/ ဖြစ်ပါတယ်။
You may also like these stories:
နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ
ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မင်းမော်ကွန်း တောင်းဆို
“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မယ်၊ ပစ်ခတ်တာတွေ မလုပ်စေချင်ဘူး”