Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်
လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများအရ Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံးကို ရပ်တန့်ထားမည်ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
“ကျနော်တို့ရဲ့ ကြော်ငြာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ အကုန်လုံးကို လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှု ရှိစေဖို့ လမ်းညွှန်ချက်တွေနဲ့အညီ ကြိုးစား လုပ်ဆောင်နေပါတယ်။ ဒါကြောင့် လေ့လာ ဆန်းစစ်မှုအချို့ ပြုလုပ်ပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံရှိ ကြော်ငြာလုပ်ဆောင်ချက်တွေအားလုံးကို ရပ်တန့်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်”
“Viber အနေနဲ့ အခုလိုအချိန်မှာ မြန်မာပြည်သူ ပြည်သားတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ လွတ်လပ်စွာနဲ့ လုံခြုံစိတ်ချစွာ ဆက်သွယ် ပြောဆိုနိုင်ကြစေဖို့အတွက် အဓိကထား လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု Rakuten Viber ၏ Senior Director, APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။
Ref. Reuters, Viber
You may also like these stories:
ဖက်ရှင်ကုမ္ပဏီကြီး H&M က မြန်မာနိုင်ငံမှ အော်ဒါအသစ်များ မှာယူမှု ရပ်ဆိုင်း
ဆန္ဒပြ တိုက်ပွဲတွေမှာ ရှေ့တန်းရောက်နေတဲ့ မြန်မာအမျိုးသမီး ဟီးရိုးများ
ပြည်သူများအား သတ်ဖြတ်မှု ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို Dave Leduc တောင်းဆို