Trend

သွေးမြေကျခဲ့ရသူတွေအတွက် အာဇာနည်ဗိမာန်လို နေရာတခု လုပ်ဖို့ ဆွေးနွေးနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် အကြမ်းဖက် ဖမ်းဆီးမှုများ၊ ဖြိုခွင်းမှုများ ပြုလုပ်နေတာ အခုဆိုရင် ရက်ပေါင်း ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီရက်ပေါင်း ၄၀ ကျော် တော်လှန်ရေးအတွင်းမှာ အသက်များရင်းပြီး ပေးဆပ်ခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ၂၀၀ ကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီလိုအသက်ရင်းခဲ့ရတဲ့ အာဇာနည်တွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ စာရေးဆရာမ ဂျူးက သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ဆိုထားပါတယ်။

“၄၃ ရက်အတွင်းမှာ အဖိုးထိုက်တန်လှတဲ့ အသက်တွေ ရင်းပြီး တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့ အာဇာနည် သူရဲကောင်း ကလေးတွေ ၂၀၀ ကျော် ရှိသွားပြီတဲ့။ Generation Boomer လူကြီးတယောက်အနေနဲ့ ရသစာပေ ရေးသူ တယောက်အနေနဲ့ ကျမ သူတို့လေးတွေကို မမေ့နိုင်ပါဘူး။ ဘယ်တော့မှလည်း မေ့လို့ရမှာ မဟုတ်ပါဘူး” လို့ စာရေးဆရာမ ဂျူးက ဆိုပါတယ်။

အာဏာရှင် ဆန့်ကျင်ရေး “ပစ်တိုင်းထောင် သပိတ်”

အသက်ပေးခဲ့ရတဲ့ တယောက်ချင်းစီရဲ့ နာမည်တွေကို မေ့သွားမှာ စိုးတာကြောင့် ကူးယူ ရေးမှတ်ထားပြီး တယောက်ချင်းစီအတွက် အထိမ်းအမှတ် သစ်ပင်တပင်စီ သူ့နာမည်နဲ့သူ စိုက်ပျိုးပေးသွားမယ်လို့ သိရပါတယ်။

“တယောက်ချင်းရဲ့နာမည်တွေကို မေ့သွားမိမှာစိုးလို့ ကူးယူ ရေးမှတ်ထားပါတယ်။ အသဲထဲမှာ စွဲနေအောင် ကမ္ဗည်းထိုးထားသလို မှတ်မိနေဖို့ပါ။ အောင်ပွဲရပြီးတဲ့အခါ တယောက်စီအတွက် အထိမ်းအမှတ် သစ်ပင် တပင်စီ သူ့နာမည်နဲ့သူ စိုက်ပျိုးဦးမှာပါ။ ရှင်သန်အောင် ကြီးပြင်းအောင် စိုက်မှာပါ။ ဖြစ်နိုင်ရင် သားတို့သမီးတို့ ဘာပန်းကို ဘာအပင်ကို မြတ်နိုးသလဲ ဘာအရောင်ကို မြတ်နိုးသလဲ ကျန်ရစ်တဲ့မိဘတွေ သူငယ်ချင်းတွေကတဆင့် စုံစမ်းပြီးကို စိုက်ပျိုးချင်ပါတယ်” လို့ ဆရာမ ဂျူးက ဆိုပါတယ်။

သွေးမြေကျခဲ့ရသူများအတွက် ပြုလုပ်ခဲ့တဲ့ ဝိညာဉ်သပိတ်

ဆက်လက်ပြီး “အောင်ပွဲရပြီးတဲ့အခါ စွန်လွှတ်တဲ့ ရာသီမှာ သားလေးတို့ သမီးလေးတို့ရဲ့ နာမည်တွေကို လေတံခွန်မှာ ရေးပြီး ဟိုး မိုးတိမ်ယံထဲ ဝဲလွင့်နေအောင် လွှတ်တင်နိုင်ဖို့ ကြိုးစားဦးမှာပါ။ သီတင်းကျွတ်ကာလ တန်ဆောင်တိုင်ကာလတိုင်း မီးပုံးပျံလေးတွေ လွှတ်တင်တဲ့အခါလည်း တယောက်ချင်းရဲ့နာမည်ကို ရေးပြီး ကောင်းမြတ်ရာ ဘုံဌာနမှာ ငြိမ်းချမ်းပါစေကြောင်း ဆုတောင်း အမျှဝေဦးမှာပါ”

“မီးမျှောပွဲ လုပ်လို့ရတဲ့ ဒေသတွေမှာ သားတို့သမီးတို့ရဲ့ကျေးဇူးကို အောက်မေ့တသတဲ့ ဒီမိုကရေစီ မြတ်နိုးတဲ့ ကျန်ရစ်သူတွေက သားတို့ သမီးတို့အတွက် မီးပုံးလေးတွေမှာ နာမည်နဲ့ ဆုတောင်းစာလေးတွေရေးပြီး ရေမှာ မျှောကြပါဦးမယ်” လို့ ဆိုပါတယ်။

သွေးမြေကျ ပေးဆပ်လိုက်ရတဲ့ အသက်တွေကို အလဟဿ အဖြစ်မခံနိုင်တာကြောင့် အာဇာနည် ဗိမာန်လို နေရာတနေရာ တည်ဆောင်ပြီး ကမ္ဗည်းထိုးဖို့အတွက် ဆွေးနွေး စည်းရုံးနေတယ်လို့ သိရပါတယ်။

အာဏာရှင် ဆန့်ကျင်ရေး “လူမဲ့ သပိတ်”

“အခုကိုပဲ အာဇာနည်ဗိမာန်လို နေရာတနေရာ တည်ဆောက်ပြီး သားတို့သမီးတို့ နာမည်ကို ကမ္ဗည်းထိုးဖို့ ဆွေးနွေး စည်းရုံးနေကြပြီ။ သားတို့သမီးတို့ သွေးမြေကျ ပေးဆပ်လိုက်ရတဲ့ အသက်တွေ အလဟဿ အဖြစ်မခံနိုင်ပါဘူး။ နောက်ထပ် အသက်တွေလည်း စတေး မခံနိုင်တော့ပါဘူး။ အန္တရာယ်အနည်းဆုံး နည်းလမ်းတွေ ဖန်တီးပြီး ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကာကွယ်ပြီး စစ်အာဏာရှင်ကို ဉာဏ်နဲ့ ဆက်လက် ဆန့်ကျင်ကြလိမ့်မယ်လို့ မျှော်လင့်နေပါတယ်”လို့ ဂျူးက ဆိုပါတယ်။

အသက်တွေကို စတေး မခံနိုင်တော့တာကြောင့် အန္တရာယ် အနည်းဆုံးနည်းလမ်းများကို ဖန်တီးကာ စစ်အာဏာရှင်ကို ဉာဏ်နဲ့ ဆက်လက် ဆန့်ကျင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။

You may also like these stories:

မိုဘိုင်း အင်တာနက်များ ပြန်လည် ဖွင့်ပေးရန် ပိုင်တံခွန် တောင်းဆို

“ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး”လို့ ပိုင်ဖြိုးသု ဆို

“မြို့တွေပေါ်မှာ စစ်မြေပြင် ဖြစ်လာရင် အထိနာမှာက ပြည်သူပါ”

Did you find apk for android? You can find new Free Android Games and apps.
Loading