• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

အင်တာနက် ပိတ်ခံထားရတဲ့ ကာလမှာ နှစ်စဉ်လိုင်စင်ကြေး တယ်လီနော သက်တမ်းထပ်တိုး

by မစ်ကီ
31 March 2021
in Trend
A A
တယ်လီနော မြန်မာ / ဧရာဝတီ

တယ်လီနော မြန်မာ / ဧရာဝတီ

11.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း မိုဘိုင်းကွန်ရက်မှ တဆင့် အင်တာနက်ရယူ အသုံးပြုမှုကို ပိတ်ပင်ထားချိန်မှာ ဖုန်းအော်ပရေတာ ကုမ္ပဏီတခုဖြစ်တဲ့ တယ်လီနောက နှစ်စဉ် ပေးဆောင်နေရတဲ့ လိုင်စင်ကြေးကို ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြမှုတွေအတွင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရချိန်မှာ အခုလိုမျိုး လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ဒေတာကွန်ရက်ကို ချက်ချင်း ပြန်ဖွင့်ပေးပြီး နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို လေးစားလိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံက အပြုသဘော မဆောင်တဲ့ တိုးတက်မှုတွေ၊ မတ်လ ၁၅ ရက်နေ့ကစလို့ မိုဘိုင်းဒေတာ ကွန်ရက်တွေ မရရှိတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ အတွေးအမြင် ဖလှယ်ခွင့် ရှိစေဖို့၊ ချိတ်ဆက်ဆက်သွယ် ဆောင်ရွက်နိုင်ဖို့ အင်တာနက် ကွန်ရက်ကို အချိန်ပြည့် ဖွင့်သွားပေးသင့်တယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီတခုအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ချိန်ကစလို့ တရားဝင် လိုင်စင်ဝင်ဖို့ ကိစ္စတွေအပါအဝင် အခက်အခဲ အကျပ်အတည်း တော်တော်များများကို ရင်ဆိုင်ခဲ့ရပြီး တချိန်တည်းမှာပဲ ပြည်သူ သန်းပေါင်းများစွာဟာလည်း အချင်းချင်းကြား ဆက်သွယ်မှုတွေ ရှိစေနိုင်ဖို့ တယ်လီနော မြန်မာအပေါ် အားထားနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ကုမ္ပဏီအနေနဲ့ ၂၀၁၃ ခုနှစ်ကစလို့ နှစ်စဉ်ကြေး ပေးသွင်းရမယ့် အစီအစဉ် ပါဝင်တဲ့ လိုင်စင်ကို ရယူထားပြီး ဆက်သွယ်ရေး ကွန်ရက်တခုကို လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လအကုန်မှာတော့ တယ်လီနောဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ကိုယ်စားပြုတဲ့ တယ်လီကွန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ နှစ်စဉ်လိုင်စင်ကြေး ပေးသွင်းရမှာဖြစ်ကြောင်း၊ အခုလိုမျိုး လိုင်စင်ကြေးပေးသွင်းတဲ့ တာဝန်ကို ဆောင်ရွက်လိုက်ရတာကတော့ မြန်မာပြည်သူတွေအတွက် မိုဘိုင်း ဆက်သွယ်မှုကို ဆက်လက် ထောက်ပံ့ပေးနိုင်ဖို့ တယ်လီနောအနေနဲ့ လိုအပ်လို့ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုလို ဆုံးဖြတ်ချက်ချလိုက်ရတာဟာ မြေပြင်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ တရားဝင်ဖြစ်မှု အပါအဝင် ကျယ်ပြန်တဲ့ အကဲဖြတ်မှုတွေအပေါ်လည်း အခြေခံထားတယ်လို့ ဆိုပါတယ်။ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ မြန်မာပြည်သူတွေရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုအတွက် ဆယ်သွယ်ရေးနဲ့ သတင်းအချက်အလက် ရယူမှုဟာ အရေးကြီးတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

တယ်လီနောအုပ်စု အနေနဲ့ လက်ရှိ ဒေတာကွန်ရက်ကို ဖြတ်တောက် ပိတ်ချထားတာဟာ သူတို့ရဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးနိုင်ခွင့်နဲ့ ပတ်သက်လို့ အနှောင့်အယှက် ဖြစ်ရကြောင်း ဝန်ကြီးဌာနထံ အလေးပေး ပြောကြားထားတယ်လို့လည်း ဆိုပါတယ်။

ဒ့ါအပြင် မိုဘိုင်းအင်တာနက် ပိတ်ချထားမှုကို ချက်ချင်း ဖယ်ရှားပေးရေး၊ တရားဥပဒေ စိုးမိုးစေရေး၊ လူ့အခွင့်အရေး စံနှုန်းများ အပါအဝင် နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ တယ်လီကွန်း လုပ်ငန်းအတွက် ခိုင်မာတဲ့ စည်းကမ်းထိန်းသိမ်းရေး မူဘောင်နဲ့ ဥပဒေများ ဖြစ်ထွန်းစေရေးကိုလည်း မြန်မာအာဏာပိုင်တွေထံ တယ်လီနော မြန်မာက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စစ်အာဏာသိမ်းကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စတင်ပြီး မိုဘိုင်းဖုန်း ဒေတာကွန်ရက်နဲ့ ဖိုင်ဘာအင်တာနက် ကွန်ရက်ရယူ သုံးစွဲမှုတွေကို အချိန်ပိုင်းနဲ့ ကန့်သတ် ပိတ်ပင်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့ပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်း နိုင်ငံအတွင်းရှိ ဒေသတချို့မှာ မာရှယ်လော ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတဝန်းလုံးမှ မိုဘိုင်းဖုန်းမှတဆင့် အင်တာနက် သုံးစွဲခွင့်ကို အချိန်ပြည့် ဖြတ်တောက်ခဲ့ပါတယ်။

Ref: TelenorMyanmar

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
174
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
97
သဇင်ပန်း

သဇင်ပန်း

10 January 2026
122

You may also like these stories:

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ဒုတိယအကြိမ် သဲမုန်တိုင်း တိုက်ခတ်

လက်သုံးချောင်းထောင်မိလို့ Selangor II ကလပ်မှ ဟိန်းထက်အောင် ပွဲပယ် ပြစ်ဒဏ်ပေးခံရ

Mobile Legends ရဲ့ဂိမ်းကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ ByteDance ကုမ္ပဏီ ဝယ်ယူ

Your Thoughts …
Tags: ဆက်သွယ်ရေးတယ်လီနောဒေတာ ကွန်ရက်မိုဘိုင်းဖုန်းအင်တာနက်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
17 November 2023
14.4k

ကွမ်းလုံတိုက်ပွဲသည် နေပြည်တော်အား ကိုင်လှုပ်လိုက်ပြီ ဖြစ်၏။ ထို့အတူ ယခင်က မြို့သိမ်းတိုက်ပွဲဟုပြောလျှင် လှောင်ပြောင်သရော်ခဲ့သူများလည်း ပါးစပ်ပိတ်သွားကြ၏။

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

by ဧရာဝတီ
15 June 2024
5.3k

စစ်ကောင်စီသည် အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန် အဓိက အားထုတ်မှုအနေဖြင့် VPN များကို လိုက်လံပိတ်ဆို့နေသည်။

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

by ဧရာဝတီ
26 December 2023
5.1k

ကချင်ပြည်နယ်ဘက်မှတဆင့် ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်များကို အင်းတော်မြို့ နယ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို မန္တလေးတိုင်းနှင့် အခြားမြို့နယ်များမှတဆင့် ကောလင်းမြို့နယ် အတွင်း သွားရောက်မည့် မော်တော်ယာဉ်များကိုလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း

နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး

နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး

by မိအိသဉ္ဇာမြင့်
6 June 2024
4k

ဒီအခြေအနေနဲ့ ပတ်သက်လို့ နားလည်သလောက်က Telecom တို့ Internet Service Provider တို့ကို ပိတ်ခိုင်းတာ မဟုတ်ဘဲ၊ သူတို့ကိုယ်တိုင် နေပြည်တော်ကနေ Control လုပ်ပြီး ပိတ်တယ်ဆိုတာမျိုးလို့ ကျမတို့ နား လည်ရတယ်။ အဲဒါက...

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.7k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

Next Post
ဗုံးကျဲခံခဲ့ရသည့် နေရာအနီးက ရွှေလုပ်ကွက်များ / Google Earth

KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ

ဘတ်ဂျက်ကို နဂိုမူလလျာထားသည့်အတိုင်း အကောင်အထည်ဖေါ်ရန် စစ်ကောင်စီ၌ အင်အားမရှိ/ဧရာဝတီ

စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved