သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်မှုကြောင့် ရန်ကုန်မြို့ အနှံ့ ရေကြီးရေလျှံခဲ့သလို၊ ရုံးဆင်းချိန် ညနေပိုင်းမှာ ယာဉ်ကျောပိတ်ဆို့ မှုတွေ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရလို့ အလုပ်သိမ်းချိန် အိမ်အပြန် ရန်ကုန်နေလူထု ဒုက္ခရောက်ခဲ့ရပါတယ်။ ဒီတပတ် သတင်း ဓာတ်ပုံအဖြစ် ရန်ကုန်မြို့တွင်း တနေရာမှာ ရေကြီးနေတဲ့မြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။ ထစ်ခနဲရှိ ရေကြီး၊ လမ်းပိတ်နဲ့ ဆိုးရွားလှတဲ့ အခြေအနေ ဖြစ်နေတာတောင် ရန်ကုန်မြို့ကြီးမှာ နေဖို့ စရိတ်စကက အမြင့်ဆုံးမှာ ရှိနေတာ ဂုဏ်ယူရမလား၊ အံ့သြရမလား စဉ်းစားစရာပါပဲ (ဓာတ်ပုံ – ဧရာဝတီ)
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်