ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတာတွေ၊ ခရိုနီ စီးပွားရးသမားတွေနှင့် အစိုးရရဲ့ဆွေမျိုးတွေကပဲ စီးပွားရေးကို ချုပ်ကိုင်ထားမှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့အတူ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကော်မရှင်မှ ဆရာကျော်ဝင်း (စာရေးဆရာ) နဲ့ Tampadipa Institute ရဲ့ ဒါရိုက်တာ ဒေါက်တာ ခင်ဇော်ဝင်း တို့က ပါဝင်ဆွေးနွေးထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ