ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာ ၂၀၁၄ ခုနှစ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံရဲ့ အမြင်တွေ၊ ဖြစ်ပေါ်လာမယ့် အကောင်းဆုံးနဲ့ အဆိုးဆုံး အခြေအနေတွေ အပေါ်မှာ ဘာတွေကို ပြင်ဆင် ထားကြသလဲ၊ ဘယ်လို ဆက်လက် လုပ်ဆောင် သွားမလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ကိုပြုံးချို တို့က ပါဝင်ဆွေးနွေး တင်ပြထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ