ဒီတပတ် အစီအစဉ်မှာ မြန်မာ့ ခေါင်းဆောင် အဆက် ဆက်က ဗေဒင်၊ နက္ခတ်တွေ၊ ယတြာတွေ အပေါ် ဘယ်လောက် အယူသီးမှု ရှိသလဲ၊ အဲဒီလို လုပ်ဆောင်မှုတွေက ပြည်သူတွေ အတွက် ကောင်းကျိုး ဆိုးကျိုး ဘာတွေဖြစ်ပေါ် ခဲ့သလဲ၊ နောက်ပြီး ၂၀၁၄ ခုနှစ်အတွင်း ပြောင်းလဲ ဖြစ်ပေါ် လာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ် အဆိုးအကောင်း ဘာတွေဖြစ် လာနိုင်မလဲ ဆိုတာကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ အတူ ဗေဒင်၊ နက္ခတ် ပညာရှင် ဆရာစံဇာဏီဘိုနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းတို့က ပါဝင်ဆွေးနွေး ထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ