ဒီတပတ် အစီအစဉ်ကတော့ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စာပေဟောပြောပွဲတွေမှာ ဟောပြောမယ့် စာရေးဆရာတွေကို ရာသက်ပန် ဟောပြောခွင့် ပိတ်ဆို့ခြင်း၊ ဟောပြောမယ့် လူတွေကို ဘာသာခြား ကိုးကွယ်သူတွေဖြစ်တဲ့ အတွက် တကြောင်း၊ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံမှာ စေတ နာ့ဝန်ထမ်း အဖြစ်လုပ်ကိုင် နေတာတွေကြောင့် တကြောင်း စတဲ့ အကြောင်းပြချက်တွေနဲ့ စာပေဟော ပြောပွဲတွေမှာ ဟောပြောခွင့်တွေ ပိတ်ပင်လာမှုတွေနဲ့ ပတ်သတ်ပြီး အခုလို လိုက်လံပိတ် ပင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုမျိုးအကြောင်းတရားတွေရှိနိုင်သလဲ၊ မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှု အခြေအနေဟာ မေးခွန်းထုတ်စရာတွေ များဖြစ်နေပြီလားဆိုတဲ့ အချက်တွွေနဲ့ ပတ်သတ်ပြီး ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာကိုကျော်စွာမိုးနှင့်အတူ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ခေါင်းဆောင်တဦးဖြစ်သူ မြောက်ဥက္ကလာပစာပေဟောပြောခွင့်မှာ ကိုယ်တိုင်အပိတ်ခံ ရသူတဦးဖြစ်တဲ့ ကိုမြအေး နဲ့ စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ ရန်ကုန်နိုင်ငံ ရေးသိပ္ပံကျောင်းမှ မဇင်မာအောင် တို့က ပါဝင်ဆွေးနွေးတင်ပြထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ