နှစ်ပေါင်း ၅၀ နီးပါး စစ်အစိုးရ အဆက်ဆက် အုပ်စိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ အမျိုးသားတွေချည်း လွှမ်းမိုးနေတဲ့ ကြားကနေ စွန့်ဦး ဖောက်ထွက်ပြီး ဒီကနေ့ ဒီအချိန်မှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်ခဲ့တဲ့ အမျိုးသမီး တွေရဲ့ ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေတွေ၊ အခက်အခဲတွေ၊ ကြိုးစားအားထုတ်ခဲ့ရမှုတွေ၊ သူတို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေနဲ့ ပတ်သတ်ပြီး ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့အတူ Inle Princess Resort ရဲ့ တည်ထောင်သူလည်းဖြစ်၊ စီမံခန့်ခွဲမှုဒါရိုက်တာလည်းဖြစ်သူ မယဉ်မျိုးစုနဲ့ နယူးယောက်မြို့မှာ Lotus Hom Fashion လုပ်ငန်းကို တည်ထောင်ခဲ့သူ၊ မြန်မာနိုင်ငံကို မကြာခင်က ပြန်လာခဲ့ပြီး လက်ရှိ Mon Precieux Fashion လုပ်ငန်းကို တည်ထောင် လုပ်ကိုင်နေသူ Mon Precieux Fashion လုပ်ငန်းရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ မမိုဟွမ်တို့က ယခုတပါတ် အစီအစဉ်မှာ ပါဝင်ဆွေးနွေး တင်ပြ ထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ