ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတဲ့ မြန်မာနိုင်ငံမှာ တိုင်းပြည်တခု ဖွံဖြိုးတိုးတက်ရေး အတွက် အဓိက အခြေခံအချက် တွေထဲက တခုဖြစ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေ တာတွေနဲ့ ပတ်သတ်ပြီး ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ အတူ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) မှာ ပါဝင် ဆောင်ရွက်နေတဲ့ တက္ကသိုလ် ဆရာ/ဆရာမများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူနဲ့ MustardSeed Myanmar အဖွဲ့က ဒါရိုက်တာ ဆလိုင်း ဂျင်မီရေဇာဘွမ်း တို့က လက်ရှိသူ တို့ပါဝင်ဆောင်ရွက်နေတဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေ၊ ကြုံတွေ့ရတဲ့ အဓိက စိန်ခေါ်မှုတွေ၊ လိုအပ်ချက် တွေကို ယခုတပတ် Dateline Irrawaddy အစီအစဉ်မှာ ပါဝင်ဆွေးနွေး တင်ပြ ထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ