မတ်လ ၂၂ ရက်နေ့ဟာ ကမ္ဘာ့ရေနေ့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၇၆၈ သန်းကျော်ဟာ သောက်သုံးရေကို လုံလောက်စွာ မရကြဘူးလို့ သိရပါတယ်။ ၁. ၃ ဘီလီယံဟာ လျှပ်စစ်မီး မရှိဘဲ နေထိုင်နေကြပါတယ်။ အဲဒီထဲက အများစုဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နေထိုင်နေကြတာလို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အဖြစ် ယခုတပတ် ဧရာဝတီသတင်းဓာတ်ပုံ အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ သောက်သုံးရေကန်က ရေခပ်နေသူတချို့ရဲ့ ဓာတ်ပုံကို ဖော်ပြပေးလိုက်ပါတယ် (ဓာတ်ပုံ – ထိန်ဝင်း)
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်