ဒီတစ်ပတ်မှာတော့ သန်လျင်မြို့နယ်၊ မြို့မတောင် စရီမူသူး မာရီယမ္မာန် မယ်တော်ကြီး ဟိန္ဒူ ဘုရားကျောင်းရဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် နေကြဖြစ်တဲ့ မီးနင်းပွဲတော်ကို သွားရောက် ရိုက်ကူး မှတ်တမ်း တင်ထားတဲ့ ဓာတ်ပုံများကို ဖော်ပြ လိုက်ပါတယ်။ ဒီ မီးနင်း ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့တာ နှစ် ၁၀၀ ကျော်ကြာ သက်တမ်းရှိပြီပဲ ဖြစ်ပါတယ်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်