ဒီတပါတ် အစီအစဉ်ကတော့ မကြာသေးခင် ကာလက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မမျှော်လင့်ပဲ ရုတ်တရက် သွားရောက်ခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်း ခရီးစဉ်နဲ့ ပတ်သတ်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ဘယ်လို အကျိုုးသက် ရောက်နိုင်သလဲ၊ ဘယ်လို အပြုသဘောဆောင်သလဲ၊ ဘာတွေ လိုအပ်ချက်တွေ ရှိနေသေးလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုအောင်ဇော်နဲ့ အတူ ဧရာဝတီ သတင်းထောက် များဖြစ်တဲ့ ကိုလင်းသန့်နဲ့ ကိုရန်ပိုင် တို့က ဆွေးနွေးတင်ပြ ထားတာဖြစ်ပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ