ဒီတပါတ် အစီအစဉ်ကတော့ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး သင်္ကြန်ကာလမှာ မကြာသေးခင်နှစ်များက မှ ပြန်လည် သက်ဝင် လှုပ်ရှားလာတဲ့ သင်္ကြန်တွင်း ရိုးရာအစဉ်အလာ တခုဖြစ်တဲ့ သံချပ်တွေရဲ့နောက်ခံ သမိုင်းကြောင်းနဲ့ သံချပ်တွေဟာ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ၊ လက်ရှိပြောင်းလဲနေပြီလို့ဆိုတဲ့ မြန်မာနိုင်ငံမှာ သံချပ်တွေကိုရော လွတ် လွတ်လပ်လပ် ဖော်ထုတ် တင်ပြခွင့်ရပြီလား ဆိုတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက်များဖြစ်တဲ့ ကိုလင်းသန့်၊ ကိုရန်ပိုင်နဲ့ ကိုကျော်ခတို့က ဆွေးနွေး တင်ပြထားတာ ဖြစ်ပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ