သမုဒ္ဒရာရေ၊ ပင်လယ်ရေ၊ မြစ်ရေ၊ တောင်ကျရေ၊ ချောင်းရေ၊ စမ်းချောင်းရေ၊ ကန်ရေ၊ တွင်းရေ၊ မြောင်းရေ၊ ရေ..ရေ…..ရေ။
ကမ္ဘာလောကရှိ လူတွေအတွက်၊ သတ္တဝါတွေအတွက်၊ သစ်ပင်၊ ပန်းပင်တွေအတွက် ရေတွေအမျိုးမျိုး ကို သဘာဝတရားကြီးက ပေးထားပါတယ်။ ရေအမျိုးမျိုးအထွေထွေက သတ္တဝါတွေ၊ အပင်တွေ အဖုံဖုံ အတွက် ရှိနေပါတယ်။
သိပ္ပံပညာတွေ အင်မတန်ထွန်းကားလာတဲ့အခါ သဘာဝကပေးထားတဲ့ ရေတွေဟာ အန္တရာယ်အလွန် များလာပါတယ်။ သမုဒ္ဒရာရေ၊ ပင်လယ်ရေတွေကလည်း စွန့်ပစ်ပစ္စည်းတွေကြောင့် မသန့်မရှင်းဖြစ်ရ သလို မြစ်ရေ၊ ချောင်းရေ၊ ကန်ရေတွေကလည်း အဆိပ်သင့်တဲ့ မြစ်တွေ၊ ချောင်းတွေ၊ ကန်တွေဖြစ် လာပါတယ်။
သို့သော်လည်း “ရေအသက် တမနက်” ဆိုသလိုပဲ လိုအပ်တဲ့ရေကို အမျိုးမျိုးအဖုံဖုံ ရှာဖွေစုဆောင်း ကြရတာ အပန်းတကြီးပါပဲ။
စာနာတတ်ကြသူများအတွက် ဓာတ်ပုံထိန်ဝင်းက မှတ်တမ်းတင်ရိုက်ကူးထားသမျှကို မျှဝေတင်ပြ လိုက်ရပါတယ်။
(ဓာတ်ပုံ ထိန်ဝင်းသည် Freelance ဓာတ်ပုံဆရာတဦးဖြစ်ပြီး ပြည်တွင်းပြည်ပ ဓာတ်ပုံပြပွဲများတွင် ပါဝင်ပြသနေသူဖြစ်သည်။)
(The Irrawaddy Weekly Journal အတွဲ ၁၊ အမှတ် ၁၅ တွင် ဖော်ပြထားပြီး ဖြစ်သည်။)