ဒီတပတ် အစီအစဉ် ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်က ကွယ်လွန် သွားပြီဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ ပတ်သတ်ပြီး ဆရာကြီးရဲ့ သတင်းစာသမား ဘ၀ လှုပ်ရှားမှုတွေ၊ ၁၉ ၈၈ နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ပြီး နောက်ပိုင်း နိုင်ငံရေး လောကကို တစိုက်မတ်မတ် ကိုယ့်ရဲ့ယုံကြည်ချက် အတိုင်း လေ ျှာက်လှမ်း ခဲ့ပုံတွေ၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ့စစ် ထောက်လှမ်းရေးတွေ လက်ထဲ အနှိပ်စက် ခံခဲ့ရတာတွေ၊ ၁၉ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ရပေမယ့် စိတ်ဓာတ် ကြံ့ကြံ့ခံ နေခဲ့ပုံတွေ၊ ထောင်က လွတ်လာ ပြီးတော့လည်း တခြားနိုင်ငံရေး အကျဉ်းသားတွေ အတွက် လှုပ်ရှား တိုက်ပွဲ ဝင်ခဲ့ကြတာတွေ အစရှိတာတွေကို ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ကိုအောင်ဇော်နဲ့ အတူ သတင်း ထောက်များဖြစ်တဲ့ ကိုရန်ပိုင်နဲ့ ကိုကျော်ခ တို့က ဆွေးနွေး တင်ပြထား ကြတာဖြစ်ပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ