မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများ သိန်းနှင့်ချီကာ သေဆုံးခဲ့ရပြီး ဒုက္ခများခံစားခဲ့ရသည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ခြောက်နှစ်ကြာခဲ့ပါပြီ။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်အပြီး သုံးနှစ်အထိ ကူညီ ထောက်ပံ့မှုများ ရှိခဲ့ပြီး အကူအညီများ ရပ်နားခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ မိသားစုဝင်များ၊ ဆွေမျိုးအရင်းအချာများ ဆုံးရှုံးခြင်း၊ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ ဆုံးရှုံးခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ စိတ်ဒဏ်ရာများ အကြီးအကျယ် ခံစားခဲ့ရတဲ့ နာဂစ် ဒုက္ခသည် အများစုဟာ ယနေ့တိုင် မူလအခြေအနေကို ပြန်လည်ရရှိဖို့ အလှမ်းကွာဝေးဆဲ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကို အပြင်းအထန် ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာနဲ့ ငပုတောမြို့နယ် နာဂစ်ဒုက္ခသည် ပြန်လည်ထူထောင်ရေး နေအိမ်များမှာ နေထိုင်ကြတဲ့ နာဂစ်ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို မှတ်တမ်းတင်ခဲ့ပါတယ်။
ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ
(The Irrawaddy Weekly Journal, Vol.1, No.19 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)