အန်ဒမန်ပင်လယ် (Andaman Sea) ပင်လယ်ဝနားမှာရှိတဲ့ ကဒုံကနိကျေးရွာဟာ အဓိကအားဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ငါးပုစွန် ရောင်းဝယ်ရေးလုပ်ငန်း၊ မျှင်ငါးပိ လုပ်ငန်းများနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေတဲ့ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်။ ပင်လယ်ပြင်သို့ စက်လှေ၊ လှေငယ်များနဲ့ ထွက်ကာ ကျားပိုက်ထောင်သူများ၊ ငါး၊ ပုစွန်ရှာကြသူတွေရှိသလို ပင်လယ်ကမ်းစပ်ရှိ သောင်များပေါ်မှာ ပင်လယ်ရေ အတက်အကျကိုကြည့်ပြီး ဂုံးကောင်ကောက်သူများလည်း ရှိပါတယ်။ ကဒုံကနိကျေးရွာဟာ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အတွင်းမှာရှိပြီး ဘိုကလေးကနေ စက်လှေနဲ့သွားပါက ၅ နာရီခန့် သွားရပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘ၀ တစိတ်တဒေသကို မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်။
(The Irrawaddy Weekly Journal, Vol.1, No.21 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)