မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအဝင် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရသည်။ ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင်မူ အခြေအနေများ ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယနေ့ မန္တလေးမြို့ မြင်ကွင်းများကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် တဦးဖြစ်သည့် တေဇလှိုင်က မှတ်တမ်းတင်ထားပါသည်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်