နိုင်ငံ့ လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ယူနတီ သတင်းသမား ၅ ဦးကို တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့် အတွက် ထောင်ဒဏ်အဖြစ် ဒဏ်ခံနေရသည့် ယူူနတီ သတင်းသမားများ အတွက် ဆုတောင်းပွဲကို ဇူလိုင်လ (၁၁) ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုဒ် အနီးရှိ ကြေးသွန်း ဘုရားကြီးတွင် ရန်ကုန်မြို့ရှိ သတင်းထောက်များမှ ပြုလုပ်ခဲ့သည်။ ဖမ်းဆီး ထိန်းသိမ်းခံ သတင်းသမားများ ပြန်လည် လွတ်မြောက် လာစေရန်အတွက် ရည်ရွယ်ကာ ဆုတောင်းပေးခြင်း ငှက်လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်