အစိုးရတပ်မတော်နှင့် ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဇွန်လကုန်ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာအနီးတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ TNLA အခြေစိုက်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၅၅ အပါအဝင် တပ်ရင်း ၄၇ ခုမှ တပ်ဖွဲ့များက နယ်မြေစိုးမိုးရေး အကြောင်းပြပြီး ထိုးစစ်ဆင်လျက် ရှိသည်။ ကျောက်မဲမြို့နယ်၊ ပန်ကပျံကျေးရွာ အနီးတွင် TNLA ဗျူဟာ (၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း(၇၁၇) နှင့် အစိုးရစစ်တပ် တပ်မ ၈၈ တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပြီးနောက် TNLA ၏ ရှေ့တန်း စစ်မြေပြင် အနေအထားကို သွားရောက် မှတ်တမ်းတင်ခဲ့ပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.28 တွင်လည်း ပုံနှိပ်ဖော်ပြ ထားပါသည်။)