ဒီတပတ် အစီအစဉ် ကတာ့ အာဖရိက အနောက်ပိုင်း ဒေသ နိုင်ငံ ၃ နိုင်ငံကနေ စတင် ကူးစက် ပြန့်ပွားနေတဲ့ Ebola virus နဲ့ ပတ်သတ်ပြီး ဒီရောဂါရဲ့ ရောဂါ လက္ခဏာတွေ၊ ကူးစက် တတ်ပုံတွေ၊ ဘယ်လောက် အထိ အန္တရာယ်ရှိနိုင်တယ် ဆိုတာတွေနဲ့ မြန်မာနိုင်ငံ မှာရော ဒီရောဂါ မကူးစက်ဖို့နဲ့ ပတ်သတ်ပြီး ဘယ်လောက် အထိ အသိပေး ဆောင်ရွက် မှုတွေ ရှိနေပြီလဲ ဆိုတာကို ဧရာဝတီ သတင်းဌာနရဲ့ သတင်းထောက် တွေဖြစ်တဲ့ ကိုလင်းသန့်၊ ကိုရန်ပိုင် နဲ့ ကိုကျော်ခ တို့က ပါဝင်ဆွေးနွေး တင်ပြထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ