ရှစ်လေးလုံး အရေးတော်ပုံဟု ခေါ်ဝေါ် ရည်ညွှန်း ကြသည်မှာ ၁၉၈၈ ခုနှစ်အတွင်း တစ်ပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို တောင်းဆို ဆန္ဒပြကြသော လူထု လှုပ်ရှားမှုကြီး ဖြစ်သည်။ ထို လှုပ်ရှားမှုကြီးတွင် အရေးအပါဆုံးမှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ၏ အစတွင် တက္ကသိုလ် ကျောင်းသား သပိတ်များဖြင့် စတင်ခဲ့ ပြီးနောက်ပိုင်းတွင် အလယ်တန်း၊ အထက်တန်း ကျောင်းသားလေးများ၊ ဆရာ၊ ဆရာမများ၊ အိမ်ရှင်မများက အစ အစိုးရဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ တပ်မော်သားများပါ ပူးပေါင်းပါဝင် ဆန္ဒပြလာကြသည်။ ယင်းနှစ် စက်တင်ဘာလ ၁၈ ရက် စစ်တပ်က အာဏာသိမ်းပြီး သွေးထွက်သံယို နှိမ်နင်းသောကြောင့် ဆန္ဒပြပွဲများ ရပ်တန့်သွားခဲ့သည်။ ဆန္ဒပြပွဲများကို ဓာတ်ပုံဆရာထိန်ဝင်းက မှတ်တမ်းတင်ရိုက်ကူးထားခဲ့သည်များကို ယခု ၂၆ နှစ်မြောက်အချိန် တွင် အမှတ်တရပြန်လည်ဖော်ပြအပ်ပါသည်။
ဓာတ်ပုံ – ထိန်ဝင်း / Freelance
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်