Street Photography ဟာ ဓာတ်ပုံခေတ်ဦး ကတည်းက ကမ္ဘာကျော်ဓာတ်ပုံပညာရှင်တွေရော၊ အပျော်တမ်း ဓာတ်ပုံဆရာတွေပါ မှတ်တမ်းတင်ရိုက်ကူးကြတဲ့ Photography ဖြစ်ပါတယ်။ Street Photos တွေဟာ သာမန် ဓာတ်ပုံတွေနဲ့ ကွာခြားတာ တခုကတော့ ဓာတ်ပုံမှာ ပါတဲ့ အငွေ့အသက်တွေ၊ ထူးခြားတဲ့နေရာ၊ အခိုက်အတန့်၊ မျဉ်းတွေ၊ အရိပ်တွေ ပါပဲ။
ဒါကြောင့် Street Photographer တွေဟာ သူတို့ဓာတ်ပုံတွေထဲမှာ ပါတဲ့ အကြောင်းအရာတွေကို သီးသန့်ခံစားစေပြီး အရောင်တွေ အပေါ်ခံစားမှာစိုးလို့ အဖြူအမည်းဓာတ်ပုံတွေ အနေနဲ့ ပြသလေ့ ရှိပါတယ်။ ဒီတပတ်မှာတော့ ဧရာဝတီ ဓာတ်ပုံ သတင်းထောက် စိုင်းဇော်ရဲ့ Street Photos in Yangon တွေ တင်ဆက်ထားပါတယ်။
ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ
(The Irrawaddy Weekly Journal, Vol.1, No.34 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)