ရန်ကုန်မြို့မှ မြောက်ဘက် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) ဝေးပြီး ကားဖြင့် ၄ နာရီဝန်းကျင်ခန့် သွားရတဲ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တရက်တာ လည်ပတ်နိုင်တဲ့ နေရာတွေ ရှိပါတယ်။ နေပြည်တော် တရက်တာ ခရီးစဉ် ပြေးဆွဲဝန်ဆောင် မှုများ ရှိနေပြီး၊ နေပြည်တော် ရေပန်းဥယျာဉ်၊ ဆာဖာရီ တိရိစ္ဆာန်ရုံနဲ့ ဥပ္ပါတသန္တိ စေတီတော်တို့ကို လိုက်လံ ပို့ဆောင်ပေး ပါတယ်။ နေပြည်တော်မှာ လည်ပတ်စရာ အများကြီးရှိတဲ့ အထဲက လူအများစိတ်ဝင်စားပြီး ကလေးငယ်များလည်း ကြိုက်နှစ် သက်တဲ့ တိရိစ္ဆာန်ရုံနဲ့ ဆာဖာရီ ဥယျာဉ် မြင်ကွင်းများကို ရိုက်ကူး ဖော်ပြပေးလိုက် ပါတယ်။
(The Irrawaddy Weekly Journal, Vol.1, No.37 – Page 26 & 27 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)