မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်ငန်းများတွင် ဆင်များ၏ လုပ်အားကို လျှော့ချပြီး ဆင်စခန်းများကို သဘာ၀ အခြေခံ ခရီးသွားလုပ်ငန်းများ အဖြစ် ပြောင်းလဲခဲ့သည်။ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ဖိုးကျား ဆင်စခန်းကို လူသိများပြီး အသွားအလာ များသော်လည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အတွင်းရှိ မြိုင်ဟေဝန် ဆင်စခန်းမှာ လူသိနည်းသည့် ဆင်စခန်း တခုဖြစ်သည်။ ပြင်ပ သစ်တော ထဲတွင် တောဆင်ရိုင်း များလည်း ကျက်စားလျက်ရှိပြီး တခါတရံ လူများနေထိုင်ရာ အနီးသို့ ရောက်ရှိလာတတ်ကြသည်။ မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်လိမ္မာများကို မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.38 – Page 26 & 27 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)