ပြီးခဲ့သည့်ရက်က မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်း ရွှေဝါချောင်နှင့် ငါးပြေမ ရွာများတွင် အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ လက်နက် ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ကြသည်။
ယခုလည်းတိုင် အဆိုပါ ဒေသတွင် ရောက်ရှိနေသည့် အစိုးရစစ်တပ်များလည်း မရုပ်သိမ်းသကဲ့သို့ ၊ DKBA အဖွဲ့ကလည်း အင်အားဖြည့်တင်းကာ တဘက်နှင့် တဘက် တင်းမာမှုများရှိနေပြီး၊ တိုက်ပွဲအတွက် အသင့်အနေထားပြင်နေသည်ဟာ သွားရောက်သတင်းယူသည့် ဧရာဝတီ သတင်းထောက် လဝီဝမ်က သတင်းပေးပို့သည်။