ရန်ကုန်မြို့တွင် ဟင်းသီးဟင်းရွက်များ လက်လီလက်ကားရောင်းဝယ်ရာ သီရိမင်္ဂလာဈေးကြီးပြီးလျှင် ဒညင်းကုန်း ဘူတာဈေးသည် ဒုတိယဟင်းသီးဟင်း ရွက်ဈေးဟု ခေါ်ဆိုနိုင်သည်။ ယင်းဈေးတွင် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ ဖြင့် နံနက်လင်းအားကြီး ချိန်မှစပြီး အလွန်စည်ကားလှကာ တနေကုန်လူမပြတ်ဘဲ ရှုပ်ထွေးများပြား လှသည်။
ရထားလမ်းဘေး ပလက်ဖောင်းပေါ်တွင် ဈေးရောင်းကြရခြင်း ဖြစ်ပြီး ရထားဆိုက်လာပါက အပြေးအလွှား ဘေးကပ်ပြောင်းရွှေ့ကာ အန္တရာယ်များ ကြားမှ စွန့်စွန့်စားစား ရောင်းဝယ်ဖောက်ကား နေကြသော ဒညင်းကုန်း ဘူတာဈေး မြင်ကွင်းများကို ဧရာဝတီ အင်္ဂလိပ်ပိုင်း ဓာတ်ပုံသတင်းထောက် Steve Tickner က မှတ်တမ်းတင်ထား ပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.44– စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)