အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ အစိုးရနှင့် လွှတ်တော်အသီးသီးက အတည်ပြု လိုက်သော အခါ ကျောင်းသားများသည် အရေးပေါ်အစည်းအဝေးတခု ခေါ်ယူလိုက်ပြီး ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး သပိတ်မှောက်ခဲ့ကြသည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးရန်နှင့် ဒီမိုကရေစီ ပညာရေး ဖြစ်ထွန်းရန် စသည့် တောင်းဆိုချက်များဖြင့် လမ်းပေါ်ထွက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံရေး အဖွဲ့အစည်းနှင့် ပြည်သူတချို့က အားပေး ထောက်ခံခဲ့ ကြသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လမ်းပေါ်တက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများသည် အစိုးရအား အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် ရက်ပေါင်း ၆၀ အချိန်ပေးလိုက်ပြီး သပိတ်မလှန်ဘဲ ဆန္ဒပြမှုကို ရပ်နားလိုက်ပြီ ဖြစ်သည်။ ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြခဲ့သည့် ၄ ရက်တာ အတွင်း လှုပ်ရှားမှုများ မှတ်တမ်းတင်ဖော်ပြ ပါသည်။
(The Irrawaddy Weekly Journal, Vol.1, No.47 – စာမျက်နှာ ၂၆ နှင့် ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)