၁၉၈၀ နှောင်းပိုင်းနှစ်များမှာ ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်နေသည့် အဆိုတော် (ဦး) မွန်းအောင်သည် “ငြိမ်းချမ်းရေး မိုးရေစက်များ” အမည်ပေးထားသော တေးစီးရီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အသံသွင်းယူ ပြီးစီးခဲ့ပြီး မြန်မာပြည်တွင် ထုတ်ဝေဖြန့်ချိရန် ပြင်ဆင်နေသည်သာမက ၂၆ နှစ်ကြာ စွန့်ခွာခဲ့သော မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်ပြီး သူ့ ပရိသတ်အား စင်တင်တေးဂီတဖြင့် ဖျော်ဖြေရန်လည်း ဆန္ဒရှိနေသည်။ အဆိုတော် မွန်းအောင်က သူ့ဆန္ဒနှင့် အစီအစဉ်ကို ဧရာဝတီကို ရှင်းပြပြောဆိုခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။